🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋
အခန်း (၂၁) 🌸🌸
"ရရဲ့လား ကြီးကြီး ရယ် ဆေးရောအဆင်သင့်ရှိတာဟုတ်ရဲ့လား ရန်း ဒရိုင်ဘာကို ဆေးဝ
ယ်ခိုင်းလိုက်မယ် ""ရှိပါတယ် .... အသက်ရွယ်ရလာတော့ ကိုယ့်အသက်ကယ်ဆေးကို ကိုယ်နဲ့မကွာဆောင်ဆောင်ထားရတာလဲ ဒုက္ခတစ်မျိုးပဲ"
"ဒါဆို ရေနွေးကောရှိရဲ့လား ဟို .... မနုဝါတို့ကော ရန်း သွားပြီး ခေါ်လိုက်မယ်လေ"
ဒေါ်မြင့်မိုရ်စံမှာ မျက်နှာက ပြုံးသယောင်ဖြစ်လာပေမယ့် မဲ့မဲ့သွားကာ စကားပြောချင်ပေမယ့်လဲ လက်ကာ၍သာ....
"ကြီးကြီး ရယ် ကိုယ့်မှာ နှလုံးရောဂါ ရှိတာကို သိသိကြီးနဲ့ တစ်ယောက်ထဲ သွားလာနေရတယ်လို့ ဒီအသက်ရွယ်က စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တာ သတိထားရမှာပေါ့"
ဒေါ်မြင့်မိုရ်စံကို လမ်းဘေးတစ်နေရာမှာ ကားကို ခေါင်းထိုးပြီး အထဲမှာ အမောဖောက်နေလို့ သူမ ကားပေါ်တင်ခေါ်ပြီး အိမ်ပြန်ပို့ပေးတာပါ။
အရင်နဲ့မတူပဲ မာန်မာနတွေ မော်ကြွားခြင်းတွေ တစ်စက်မှမရှိတော့တဲ့ မျက်နှာမှာ ဇရာကြောင့်ပဲလား မာနတွေ ဦးချိုးခံပြီးလို့ပဲလား မသိပေမယ့် ညှိုးနွမ်းနေပြီး အရှိန်ဝါတွေ မှေးမှိန်နေခဲ့လျှက်....။
သူမ ကူညီမယ်ဆိုတော့လဲ တစ်စက်မှ တွေဝေခြင်းမရှိတော့ အရင်က မာန်မာနတွေ တလွှားလွှားနဲ့ သူမ အပေါ်ကြိမ်းမောင်းဆူပူ နှိပ်စက်နေခဲ့တဲ့ ဒေါ်မြင့်မိုရ်စံမှ ဟုတ်ပါ့မလားလို့တောင် သူမ တွေဝေမိသွားတယ်....။
အိမ်ရောက်တော့လဲ တိတ်ဆိတ်ခြောက်ကပ်နေရာ အစေခံဆိုတာလဲ တစ်ယောက်တစ်လေမှ မတွေ့တော့ သူနဲ့ မမစံ ဘာတွေဖြစ်ခဲ့ကြလို့လဲ။
"ရန်ရန်း ညည်း ပြောတာ သိပ်မှန်တယ် ...."
ဒေါ်မြင့်မိုရ်စံက အိမ်ရှေ့ဧည့်ခန်းက ဆိုဖာဆီကိုပဲ သူ့ ကို တွဲပို့စေကာ ခပ်ဖြည်းဖြည်းထိုင်နေလိုက်ရင်း....
"သူများတွေက မွေးသန္ဓေသေမှပျောက်တယ်ဆိုပြီးပြောကြတယ် ငါကတော့ ငါ့သားသမီးကို မကောင်းတဲ့ သန္ဓေဖြစ်လာအောင် ငါကိုယ်တိုင် ရိုက်သွင်းခဲ့တာ"
YOU ARE READING
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romance🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...