🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋
Extra
"ရန်ရန်း ....."
"ရှူး တိုးတိုး..."
သားနဲ့သမီး ကို သိပ်နေရင်း သူ့အသံ ကြားတော့ လှည့်ကာ နှုတ်ခမ်းလေးပေါ် လက်ညှိုးလေးတင်ပြီး တိုးတိုးနေဖို့ ပြောသည်။
သူ အခန်းတံခါးဖွင့်ပြီး မှာ အသာ ပြန်ပိတ်ရင်း အခန်းပြင်မှာစောင့်နေလိုက်၏။
သားနဲ့ သမီး မွေးပြီးထဲက ရန်ရန်း က သူ့ ကို စီးကရက်မသောက်ဖို့ တောက်မြစ်လာတယ်....။
သူလက်ခံပေမယ့် အကြာကြီးသောက်လာပြီးမှ ချက်ခြင်း ဖြတ်ရတော့ ကိုယ့်စိတ်ကိုယ်မနိုင်ပဲ စာကြည့်ခန်းမှာ ခိုးသောက်မိတာ ရန်ရန်း မိသွားလို့ ခုထိ သူ့ ကို စိတ်ဆိုးကာ ကလေးတွေအနားလဲ မလာခိုင်း သူမ အနားလဲ မကပ်ခိုင်းနဲ့ တစ်ပတ်လောက်ရှိပြီ စာကြည့်ခန်းမှာ အိပ်နေရတာ.....။
ကင်း က လည်ပင်းကနေ ရင်ဘက်အထိဟိုက်ကျနေတဲ့ ဗီပုံစံ မီးခိုးရောင် ဆွယ်တာ လက်ရှည်ကို တံတောင်ဆစ်နားမရောက်ခင်လောက်အထိခေါက်တင်ထားပြီး အဖြူရောင် ပွပွယောင်းယောင်းဘောင်းဘီရှည်နဲ့ တံခါးဘေးမှာ မှီရပ်နေပြီး လက်ပိုက်ကာ ရန်ရန်း ထွက်အလာကိုစောင့်နေလိုက်သည်။
ခဏကြာတော့.....
ကျွီ!
"ရန်ရန်း ....ကိုယ် "
ဟွန့်!
သူ့ စကားပင် မဆုံးသေးဘူး ရန်ရန်း က မျက်စောင်းလေးခဲရင်း ဆံပင်ရှည်ကြီးတွေ ယိမ်းခါသွားအောင် သူ့ ရှေ့က လှည့်ထွက်သွား၏။
"ဟာ .... ရန်ရန်း "
သူ အလျှင်မြန်လိုက်ပြီး လက်ကလေးကို ဖမ်းဆွဲလိုက်ပေမယ့် သူမ အပေါ်ထပ်ဝတ်ထားတဲ့ နီညိုရောင် အင်္ကျီအပါးလေးကိုပဲ ဆွဲလိုက်မိကာ....
"ကိုကို...."
ညအိပ်ဝတ်စုံကို ချည်ဂါဝန်အပါးလက်တစ်လုံးကြိုးလေးနဲ့သာ ဝတ်ပြီးနေတက်သူမလို့ အပေါ်အင်္ကျီ မရှိတော့ချိန်တွင် လည်ပင်းကနေ ရင်ညွှန့်ထိ အသားရောင်ဟာ ဝင်းဝါနေပြီး ထင်းခနဲ....။
CZYTASZ
Little butterfly in the devil garden (Uni/Zawgyi ){Complete}
Romans🦋 စေတန်ဥယျာဉ်ထဲက လိပ်ပြာငယ် 🦋 ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် အလေးနက်ထားသူတစ်ယောက် နဲ့ အဒေါ်ဖြစ်သူရဲ့ နှိပ်စက်မှု တွေကြောင့် အိမ်ကနေ ထွက်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မိန်းကလေး မင်္ဂလာမှာပွဲမှာ သတိုးသမီးရောက်မလာလို့ အစားထိုး...