Ep - 1

8.2K 350 6
                                    

Ring Ring ........

ရှောင်းကျန့် ဖုန်းသံကြားတော့ ကိတ်မုန့်ဖုတ်ရာကနေ လက်အမြန်သုတ်ပြီး သွားကိုင်လိုက်တယ်။ ပေါ်လာတဲ့ နာမည်ကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ မူကြိုကျောင်းက။ ရှောင်းကျန့်မှာ တစ်လ ၃ ခေါက်လောက် လာနေတတ်တဲ့ ဖုန်း ဖြစ်လို့ ထူးဆန်းမနေတော့ပဲ လွယ်အိတ် ကောက်ယူပြီး အမြန်ထွက်လာလိုက်ရတယ်။ အဲ့ကလေး ဘယ်သူနဲ့ တူလို့ ခုလို ကလေးတကာနဲ့ ရန်ဖြစ်တတ်နေတာလဲ မသိတော့ဘူး။

ရှောင်းကျန့် ရောက်သွားတော့ မူကြိုကျောင်းလား သမ္မတ အိမ်တော်လား မှားသွားရတယ်။ အကြောင်းက မူကြိုကျောင်းရှေ့မှာ မျက်မှန်အနက် suit အနက်နဲ့ လူ ဆယ်ယောက်လောက် ဝင်ပေါက် နားမှာရော မနီးမဝေးမှာပါ ရပ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဘာလားဟ.....

ရှောင်းကျန့် လည်း စပ်စုမနေတော့ပဲ အထဲကို အမြန်ဝင်သွားလိုက်တယ်။ မဟုတ်ရင် နောက်ကျမှုနဲ့ သူ့ဒူးပါ ကန်ခံရမယ်မလား။ ကလေးက သူက ကလေးလား ရှောင်းကျန့်က အဖေလား မသဲကွဲအောင် သူ့ကိုလည်း ကန် ကန် တတ်ပါသေးတယ်။

'အမလေး ရှောင်ဟွာ အဖေ ရောက်လာပြီလား။ လာ လာ ကလေးတွေက ရုံးခန်းရောက်နေပြီ။'

ရှောင်းကျန့် သူ့ကို မြင်တာနဲ့ ရောဂါတစ်ဝက် ယူပစ်လိုက်သလို မျက်နှာနဲ့ သူ့လက်ကို မဆွဲရုံတမယ် ဖြစ်နေတဲ့ ဆရာမကြောင့် ဒီတစ်ခေါက် ရှောင်ဟွာ ပြဿနာက မသေးမှန်း ခန့်မှန်းလိုက်တယ်။ ဟူးးးးး ငါလည်း ဒီကလေးကြောင့် တဖြေးဖြေး ရုပ်ရည်ကျလာပြီ။

ရှောင်းကျန့် သူ့ကို စောင့်ခေါ်တဲ့ ဆရာမနောက်ကို လိုက်သွားလိုက်တယ်။
~~~~~~~~~~~
ဝမ်ရိပေါ် ဒီနေ့မှ သားကို သွားထားတဲ့ မူကြိုကျောင်းက ဖုန်းဆက်လာလို့ လုပ်လက်စ အလုပ်တွေ ထားပြီး ချက်ချင်း ထွက်လာလိုက်ရတယ်။ အဲ့ကျောင်းက ကလေးမတစ်ယောက်က သားရဲ့ ခေါင်းကို ကွန်ပါဘူးနဲ့ ခေါက်လိုက်တယ်တဲ့လေ။

ဝမ်ရိပေါ် ကျောင်းကို ရောက်တော့ သားနဲ့အဲ့ကလေးကို ရုံးခန်းထဲ ခေါ်သွားပြီဆိုလို့ ရုံးခန်းကိုပဲ တိုက်ရိုက်သွားလိုက်တယ်။ ကြည့်ရတာ ကျောင်းရန်ပုံငွေ ထည့်ထားတာ နည်းသေးတဲ့ပုံပဲ။

Ex - Friend  ( Completed )Where stories live. Discover now