Ep - 12

2.9K 227 3
                                    

At Switzerland ........

' သမီး..... ဒက်ဒီ့ သဘောကတော့ မြေးလေး Ben ကို ခေါ်ပြီး ဝမ်ရိပေါ် ရှိတဲ့ တရုတ်မှာ ခန သွားနေစေချင်တယ်။'

' အာ.... မသွားချင်ဘူး ဝမ်ရိပေါ်က သူ့ကိုယ်သူ Gay လို့ သမီးကို ပြောထားတာ။'

'အခု အဲ့ဒါက အရေးကြီးလို့လား။ သမီး ကို တရုတ်ကို သွားခိုင်းတာ သူနဲ့ သွားကြိုက်ခိုင်းတာမှ မဟုတ်တာ။'

' ဒက်ဒီကလည်း သမီး အဲ့မှာ နေတတ်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီမှာပဲ နေတာ ဘာဖြစ်လို့လဲ ဒက်ဒီရဲ့ တပည့်တွေ ဒီလောက်များတာ သမီးတို့ကို ဘယ်သူမှ လာမထိရဲပါဘူး။'

' ရွေးကောက်ပွဲလည်း နီးလာပြီ ပြီးတော့ ခုတလော ဒက်ဒီရဲ့ စီးပွါးရေးမှာလည်း ပြိုင်ဘက်တွေ ရှိလာတယ်။ အဲ့ဒါကြောင့် အခု သမီးနဲ့ မြေးလေးက ဒက်ဒီ့ရဲ့ အားနည်းချက်ဆိုတာ သိနေကြပြီ။ လုပ်ကြံချင်ရင် အလွယ်လေးပဲ အဲ့ဒါကြောင့် မြေးလေးကို ခေါ်ပြီး တရုတ်မှာ ခန သွားရှောင်နေလိုက်ပါ။'

'ဟွန့် .... ပြီးရော ခနပဲ သွားမှာနော် ပြီးရင် ဒက်ဒီ ကိုယ်တိုင် ပြန်လာခေါ်ရမယ်။'

' ဟုတ်ပြီ။ ဒါဆို ဒက်ဒီ လေယာဉ်လက်မှတ် စီစဉ်ပေးထားလိုက်တော့မယ်။'

ယူရီလည်း သူ ဆယ်ကျော်သက် တုန်းက ဆိုးခဲ့သမျှ ဒက်ဒီက ဆူပူခဲ့ခြင်း မရှိပဲ သူ့သဘောတိုင်း အကုန် လိုက်လျောပေးခဲ့တာကြောင့် အခု အခြေနေက ဒက်ဒီတောင် သူ့ကို ထုတ်ပြောလာရတဲ့ထိ ဆိုတော့ ဒက်ဒီ တကယ်စိတ်ပူနေတာ ဖြစ်လိမ့်မယ်ဆိုတာ နားလည်လိုက်တယ်။ ဟို ဝမ်ရိပေါ်ကို မကြည့်ချင်တော့ပေမယ့် သူ့အိမ်မှာ သွားနေရအုံးမှာပေါ့။ အဲ့မှာ ကလပ်တွေကော တက်လို့ ရပါ့မလား။

Mr. Tommy သူ ပြောနေတုန်း အိမ်ပြင်ထွက်မယ့် သမီးကြောင့်....

' ဟေး ယူရီ အခုက ဘယ်ကိုလဲ.....'

' Club သွားမှာလေ....'

' ယူရီ ဒက်ဒီ ပြောနေတာ နားမလည်တာလား။ အခုချိန်မှာ ဒက်ဒီ တို့ လုံးဝ အမှားမခံနိုင်တဲ့ အခြေနေ ဖြစ်နေပါတယ် ဆိုတာကို.....'

'ဟာ.... ဒက်ဒီကလည်း တရုတ်ကို ရောက်ရင် သမီး ကလပ် တက်လို့ ရမှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် ခနပဲ သွားပြီး ပြန်လာမယ်။ ကတိ....'
~~~~~~~~~~~~~~
ရိပေါ် နဲ့ ဟောက်ရွှမ်း ဒီနေ့ပဲ ကိုးရီးယား သွားကြမလို့။ အခုလည်း ဟောက်ရွှမ်းက သူ့အိမ် ရောက်နေတယ်။

Ex - Friend  ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin