Ep - 29

1.6K 122 0
                                    

ရှောင်းကျန့် ဆေးရုံက ဆင်းပြီးတာတောင် တစ် လ ရှိသွားပြီ။ သူ့မှာ တရုတ်ကို မပြန်ရသေးဘူး။ ဝမ်ရိပေါ် က ကိုးရီးယားမှာ နားနားနေနေ နေလိုက်အုံးဆိုတဲ့ တစ်ချက်လွှတ် အမိန့်ကြောင့်ပေါ့။ သူကတော့ ရှောင်းကျန့် ဆေးရုံ ဆင်းပြီးကတည်းက တရုတ် သွားလိုက် ကိုးရီးယား ပြန်လာလိုက် လုပ်နေတာ။ တစ်ခါ တလေ သမီးကိုပါ သူနဲ့ အတူခေါ်သွားသေးတာ။

ရှောင်းကျန့် လုပ်ကြံခံရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ရိပေါ်က အတင်းမေးတာကြောင့် ဟိုတယ် က ကိစ္စတွေပါ ပေါ်လာရတယ်။ ဒါပေမယ့် ရှောင်းကျန့် သူ့မှာ နောက်ထပ် ကလေး ရှိနေပြီ ဖြစ်တာကြောင့်ရော ရိပေါ်ကိုလည်း အဲ့ဒီလောကထဲမှာ ဆက်မပတ်သက်စေချင်တော့တာကြောင့် ဟိုလူတွေကို ပြန်ပြီး ကလဲ့စား မချေဖို့ ကတိတောင်း ထားလိုက်တယ်။

ရှောင်းကျန့် ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ video call ခေါ်လာတဲ့ မောင် .......။ အင်း ..... မောင် နဲ့ သမီး တရုတ် ပြန်သွားတာ ဒီတစ်ခါ အရမ်းကြာသလိုပဲ။

' သမီး ........'

'ပါပါးးးးး ဒီမှာကြည့် ....'

' အမယ် ပါပါးသမီး လှနေပါလား။ ဖေဖေ နဲ့ ဘယ်သွားမလို့လဲ....'

' ဖေဖေ နဲ့ ဦးဦး ဟောက်ရွှမ်း နိုင်ငံခြား သွားမှာတဲ့ အဲ့ဒါ သမီးပါ လိုက်သွားမှာ။'

'အမ် ..... တစ်လ ဘယ်နှစ်ခေါက် သွားနေမှာလဲ .... ဖေဖေ ဘယ်မှာလဲ ...'

' ဖေဖေ ရေချိုးနေတယ် .....'

' အင်း ဖေဖေ ထွက်လာရင် ပါပါး ဖုန်းပြောမယ်လို့ ပြောလိုက်နော်....'

' ပါပါး ခု ဘာလုပ်နေလဲ ....'

'ပါပါး လား ပါပါး ဘာမှမလုပ်ဘူး ဦးဦး ကျိုးချန် အိမ်မှာပဲလေ .....'

'ပါပါး ပြန်မလာသေးဘူးလား။'

' ပြန်လာတော့မယ်။ ဘာလဲ ပါပါးသမီးက ပါပါးကို လွမ်းနေပြီလား။'

' အင်းပေါ့ ..... ဖေဖေက သမီးကို အိပ်ခါနီး မြေခွေးနဲ့ မင်းသားလေး ပုံပြင်ပဲ ပြောနေတာ။ သမီး တခြားဟာ နားထောင်ချင်တယ်ဆိုတာကို မပြောပြဘူးလေ။ ပြီးတော့ ပုံပြင် စာအုပ် ကိုင်ပြီး အိပ် ပျော် ပျော် သွားတယ်။'

Ex - Friend  ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ