Ep - 27

1.8K 119 0
                                    


ဆေးရုံတွင် ......

Operation ခန်း ရှေ့မှာ ရိပေါ် တစ်ယောက်တည်း
ထိုင်စောင့်နေတယ်။ ဘယ်အချိန် ရှိသွားပြီလဲလည်း သူ မသိဘူး။ ကျန့်ကျန့် ရဲ့ အခြေနေ မသိရ မခြင်း ဒီနေရာကနေ တစ်လှမ်းမှ ရွှေ့ဖို့ စိတ်ကူး မရှိဘူး။

ရိပေါ် သမီး ကိုလည်း ဟောက်ရွှမ်းကိုပဲ သွားကြည့်ခိုင်းထားရတယ်။ သမီး က သူ နဲ့ ကျန့်ကျန့် ကို ရှာနေမယ်မှန်း သိပေမယ့် ကျန့်ကျန့် ဒီလို ဖြစ်နေတာကို သမီးကို သူ ဘယ်လိုသွားပြောရမလဲ။

ရိပေါ် ခုံမှာ ထိုင်ပြီး ကြမ်းပြင်ကိုပဲ ခေါင်းစိုက်ကြည့်နေတုန်း ..... အခန်းတံခါး ဖွင့်သံကြောင့် အမြန် ပြေးသွားလိုက်တယ်။

' ကော .... ကျန့်ကျန့် အခြေနေ ဘယ်လိုလဲ ကုလို့ ရခဲ့တယ်မလား။ ကုလို့ ရတယ်လို့ပဲ ပြောပေးပါ။'

' ရိပေါ် ... ရိပေါ် စိတ်အေးအေးထား ... ကျန့်ကျန့် အသက်အန္တာရာယ် မရှိတော့ဘူး။ တော်သေးတယ် ကျည်ဆံက အရိုးကို မထိ သွားလို့။ အခု ကျိုးချန် တို့ အပြီးသတ် ပေးနေတယ်။'

' ကျေးဇူးတင်ပါတယ် ကော တကယ် ကျေးဇူးတင်ပါတယ်။'

' မလိုဘူး ကျန့်ကျန့် ခုလို ဖြစ်တာ ကော တို့လည်း အပြစ်မကင်းပါဘူး။ အခု ကျန့်ကျန့် အသက်အန္တာရာယ် ကနေ လွှတ်သွားတော့မှ အားလုံးက သက်ပြင်းချနိုင်တာ။ ခနနေ VIP ခန်း ရွှေ့ခိုင်းထားတယ်။ မင်းလည်း ကိုယ့်ကိုယ်ကို အရင် သွား သန့်ရှင်းလိုက်အုံး။ ကျန့်ကျန့် နိုး လာလို့ မင်းကို ခုလို မြင်လိုက်ရင် အသက်ရှင်ချင်စိတ် ပြန်ကုန်သွားလိမ့်မယ်။'

' ကျန့်ကျန့် ကျနော့်ကြောင့် ဖြစ်သွားရတာလေ ကျနော်က သူ့ကို ထားပြီး ဘယ်သွားနိုင်မှာလဲ...'

'အေးပါ အခုလည်း သိရပြီလေ။ သွားတော့ ... ပြီးတော့ သမီးကိုကော ဘယ်မှာ ဘယ်သူနဲ့ ထား ထားတာလဲ....'

' သမီးလည်း ဖျားနေလို့ မနက်က ဒီ ဆေးရုံကိုပဲ ခေါ်လာတာ။ အဲ့ဒါ သူ့ပါပါး ရှိတယ်ဆိုပြီး ကျနော်လည်း ထားပြီး အလုပ် ကိစ္စ သွားတာ။ အဲ့ဒါ ကျန့်ကျန့်က နာစ့်မ တွေနဲ့ ထားပြီး ကျနော့်နောက် လိုက်လာပြီး ခုလို ဖြစ်တာပဲ။'

Ex - Friend  ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin