Ep - 8

2.7K 237 0
                                    

ဝမ်ရိပေါ် သားသား ကိစ္စရော သူတို့ တရုတ်ကို ပြန်မယ့် ကိစ္စကော အမြန်ဖြတ်ပေမယ့် တစ်ပတ်လောက် ကြာသွားရတယ်။ အဲ့ဒါလည်း ဟိုမိန်းမက တရုတ်ကို သားသားကို ပြန်ခေါ်ချင် ခေါ်သွား သူပါ လိုက်မယ် လုပ်နေလို့။ ရိပေါ်လည်း သူ့ကို မကောင်းကြံထားတာတောင် အရှက်မရှိ သူတို့နောက် လိုက်အုံးမယ် ပြောရဲနေသေးတဲ့ အဲ့ဘီလူးမကို * ငါ ယောကျာ်းပဲ ယူမှာ လို့* ပြောခဲ့လိုက်တယ်။ ဟုတ်တယ် ယောကျာ်းတောင် ကလေးအဖေပဲ လိုချင်တာ။

ဝမ်ရိပေါ်  ဟောက်ရွှမ်းနဲ့ အရင်က အကြောင်းတွေလည်း ပြောဖြစ်ရင်း သူ Switzerland ရောက်တဲ့ နှစ်ပတ်မှာ ရှောင်းကျန့် အကြောင်း မတွေးမိတဲ့နေ့ မရှိတာကြောင့် သူ ရှောင်းကျန့်ကို သဘောကျနေပြီဆိုတာ သိလိုက်ရတယ်။

ကလေးအဖေ လည်း ဘာဖြစ်လဲ အခု သူ့အနားမှာ ဘယ်သူမှ မှ မရှိတာ။ ပြီးတော့ ငါ့ကို အရင်ထားသွားပြီး သူကပဲ တပြန် ဘာလို့ လူကို ဒေါသထွက်နေရလဲဆိုတာလည်း တွေ့ရင် မေးကြည့်ရအုံးမယ်။

' ဟျောင့် ရိပေါ် မင်းတို့ အိမ်ကို ဒီတိုင်းပဲ ထားခဲ့မှာလား။'

'အင်း နောက်ကျ ဟန်းနီးမွန်း ထွက်ရင် ဒီမှာ နှင်းလျောစကိတ် လာစီးလို့ ရတာပေါ့။'

' လခွမ်း မနက်စောစော စီးစီး လူ နားထောင်လို့ ကောင်းတဲ့ စကားပဲ ပြောပါလားကွာ။ မင်း ရှောင်းကျန့်ကို သဘောကျတယ် ပြောပြီးနောက်ပိုင်း $ရှက်လည်း မရှိလာတော့ဘူးနော်။'

' အေး ကြည့်ထား အဲ့ဒါ အချစ်ကို ရှာဖွေတွေ့ရှိသွားတယ် လို့ ခေါ်တယ်။ ပြောသာ ပြောရတာ မင်းက ကျောင်းမှာကတည်းက ကြိုက်မယ့်သူ မရှိတော့ ဒါတွေ နားလည်မှာ မဟုတ်ပါဘူး။'

'🖕🏼🖕🏼......'

လက်ခလယ် ထောင်ပြလာတဲ့ ဟောက်ရွှမ်းကြောင့် ရိပေါ် ရယ်ပဲ ရယ်နေလိုက်တယ်။ ရာသီဥတုက သာယာနေတော့ ငါလေး အရိုင်းစိုင်းနဲ့ ဖက်ပြီး ပြန်မရိုင်းတော့ပါဘူး။

ထိုစဉ်...... အိမ်ထဲက ထွက်လာတဲ့ မားက သူတို့ဆီ လာနေတာကို တွေ့လိုက်တယ်။

'မား အကုန်ပြင်ဆင် ပြီးပြီလား ......'

'အင်း ပြီးပြီ ကိုယ့်ဇာတိမြေကို ပြန်ရမှာ ဖြစ်ပေမယ့် ဒီမှာလည်း နေလာတာ ကြာပြီဆိုတော့ စိတ်ထဲ ဟာလာဟင်းလင်းနဲ့...'

Ex - Friend  ( Completed )Tempat cerita menjadi hidup. Temukan sekarang