Ep - 22

2.1K 162 0
                                    

ည မိုးတောင်ချုပ်နေပြီ ခုထိ ပြန်မလာသေးတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်တွေ ပူနေရတယ်။ နေ့လည်ထိလည်း သူတို့နဲ့ ထမင်းအတူ လာမစားဘူး။ တကယ်ပဲ ဘာတွေ လုပ်နေတာလဲ။

ရှောင်းကျန့် နာရီ ကြည့်လိုက်တော့ ည ၉ နာရီ ခွဲနေပြီ။ သမီးတောင် အိပ်ပျော်လို့ တရေးနိုးလာတော့မယ် ဝမ်ရိပေါ်က အိမ် မပြန်လာသေးဘူး။ ရှောင်းကျန့် ဖုန်းဆက်ဖို့ လုပ်ရတော့တယ်။

' လူကြီးမင်း ခေါ်ဆိုသော ......'

'ဟင် ဘာလဲ တရုတ်မှာ ဖုန်းလိုင်းမမိတဲ့ နေရာ ရှိသေးတာလား။'

ရှောင်းကျန့် ဘယ်နှစ်ခါ ဆက်ဆက် အဲ့လိုပဲ အော် နေတာကြောင့် တုန်လှုပ်လာရတယ်။ ရိပေါ်ရဲ့ အလုပ်ကိစ္စက ကိုးရီးယား မှာ သွားလုပ်မှာ မဟုတ်ဘူးလား။ ဒါမှ မဟုတ် သူတို့ နေရာပြောင်းလိုက်တာလား။ ရှောင်းကျန့် အတွေးတွေ များပြီး လူကလည်း ထိုင်လိုက် ထ လိုက် ဖြစ်နေတယ်။

ထိုစဉ် မျက်လုံးတွေ ပွတ်ပြီး အခန်းထဲက ထွက်လာတဲ့ သမီးကို တွေ့လိုက်ရတယ်။

'ပါပါးးး ဖေဖေ ပြန်မလာသေးဘူးလား။'

'အင်း မလာသေးဘူး သမီး ဦးဦး ဟောက်ရွှမ်းနဲ့ အလုပ်ကိစ္စ လုပ်တာ မပြီးသေးလို့ ထင်တယ်။'

' ဖေဖေ နောက်ကျလိုက်တာ ... ဝါးးးး သမီးတောင် တရေးနိုးလာပြီကို။'

' အင်း လာ ပါပါး နား လာ။ ခနနေ ရောက်မှာပါ။'
~~~~~~~~~~
' ရိပေါ် မင်း ပြန်ရင် ပြန်တော့လေ။ ငါတို့ သင်္ဘောကလည်း ထွက်ရုံပဲ ကျန်တော့တာ။ ရှောင်းကျန့် မင်းကို စိတ်ပူနေလောက်ပြီ။'

' အေး ငါလည်း ပြန်ရောက်ရင် ဘယ်လိုရှင်းပြရမလဲ မသိသေးဘူး။ ဖုန်းအားကလည်း အရေးထဲ လာကုန်နေတယ်။ ဒါဆို ငါ စိတ်ချမယ်။'

'အေး စိတ်ချ ..... ဟို ရောက်ရင် ဖုန်းဆက်လိုက်မယ်။ စိတ်မပူနဲ့ ကျိုးချန်လည်း ရှိနေမှာပါ။'

'အေး ဒါဆို ငါ ပြန်ပြီ။'

ရိပေါ် ဒီနေ့ ဟောက်ရွှမ်းနဲ့ အတူ ပစ္စည်းတွေပါ တင်ပြီး ကိုးရီးယားကို အရင် သွားခိုင်းမလို့ မနက်ကတည်းက စီစဉ်နေတာပဲ ဖြစ်တယ်။ နေ့လည်ရောက်တော့ ရှောင်းကျန့်နဲ့ စကား ပြောလိုက်ရသေးပေမယ့် ဆိပ်ကမ်းရောက်တော့မှ ဖုန်းအားက ဘယ်ချိန်ကတည်းက ကုန်သွားမှန်း မသိ။ ဖုန်းဆက်မလို့ လုပ်တော့မှ power တောင် ပိတ်သွားပြီ။

Ex - Friend  ( Completed )Tempat cerita menjadi hidup. Temukan sekarang