Ep - 2

3.9K 285 2
                                    

ကားပေါ်မှာ သူ့ကိုလည်း မကြည့်ပဲ ကားမှန်ကို ချပြီး အပြင်ဘက်ကို ငေးနေတဲ့ ရှောင်ဟွာ ကြောင့် ရှောင်းကျန့် ရန်ဖြစ်ရတဲ့ အကြောင်းရင်းကို မေးဖို့ တွေးလိုက်တယ်။

'ရှောင်ဟွာ...... ပါပါးကို ပြောလို့ ရပြီလား ဘာလို့ ဟိုကလေးကို ရိုက်ရလဲ ဆိုတာ.....'

ဘာမှမတုံ့ပြန်သေး.....

'ရှောင်ဟွာ သမီး .... ဘာဖြစ်လို့လဲ ခါတိုင်း ရန်ဖြစ်ပြီးလို့ ရုံးခန်းထဲ ရောက်ပြီးရင် ပါပါး သမီး ခုလို မတိတ်ဆိတ်တတ်ပါဘူး။ ဘာလို့လဲ ဒီတစ်ခါ သမီး တကယ်မှားတာလား'

'သမီး မမှားဘူး ပါပါး သူက သမီးဆီက ခဲတံ ငှါးပြီး ဓားနဲ့ အရင်လျှောက်ခြစ်တာ....'

'အဲ့ဒါနဲ့ပဲ သူ့ခေါင်းကို ကွန်ပါဘူးနဲ့ ခေါက်လိုက်တာလား။'

'အနီးနားက ကွန်ပါဘူးပဲ ရှိလို့...'

ဪ.... အေးအေး တုတ်ရှိရင် တုတ်နဲ့ ရိုက်အုံးမယ့်ပုံပဲ။ တော်သေးတာပေါ့ ၆ နှစ်ပဲ ရှိသေးလို့။

'ကဲ .... ကားမှန် ပြန်တင်လိုက်တော့ လေစိမ်းတွေ တိုက်တယ်။ တော်ကြာ ဖျားနေအုံးမယ်။'

'ပါပါး .... ကျောင်းပိတ်ရင် ကစားကွင်း လိုက်ပို့...'

'ကစားကွင်း သွားချင်တာလား ပါပါးက ကိုးရီးယား သွားမလို့ဟာကိုကွာ...'

'ဟင်.... ပါပါး တကယ် ကိုးရီးယား သွားမှာလား။ သမီး လိုက်မယ် သမီး လိုက်မယ်။'

ကိုးရီးယားမှာ မွေးတဲ့ သမီးက ကိုးရီးယားကို ချစ်တာ မဆန်းပါဘူး။ ခုန အတွေးလွန်နေတဲ့ သမီးရဲ့ မျက်နှာက အခု ပြုံးပျော်နေတော့ ရှောင်းကျန့် ဒီတစ်ခေါက် ခရီးသွားမယ့်ဟာကို ကလေးကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

'အင်းးးးးးး ခုန ကစားကွင်းပဲ သွားမယ်လို့ ဘယ်ကောင်မလေး ပြောတာပါလိမ့်......'

'အူးးးမွ သိဘူး ..... ဘယ်နတ်သမီးလေးပါလိမ့်....'

'ဟား ဟား ပါပါး သမီး ဘယ်တုန်းက ချွဲတတ်သွားတာလဲ....'

'ဟွင့် ပါပါးနော် သမီးက ချစ်လို့ မွှေးမွှေး ပေးတာပါ....'

'ဟုတ်ပါပြီဗျာ......'

Ex - Friend  ( Completed )Tempat cerita menjadi hidup. Temukan sekarang