Ep - 28

1.9K 133 2
                                    

'ပါပါး ဗိုက်ထဲမှာ တကယ် ကလေးလေး ရှိနေတာလားဟင်....'

ရှောင်းကျန့် ဗိုက်ထဲမှာ ကလေး ရှိတယ် ဆိုကတည်းက သူ့ဗိုက်ကို သမီးက လာပွတ်လိုက် ၊ မောင်က ဗိုက်နားမှာ လာကပ်ပြီး နားထောင်လိုက် လုပ်နေတယ်။ ကလေးက ခုမှ ဖြစ်ခါစ ရှိသေးတယ်လို့ ပြောလည်း မရဘူး။

' ဝမ်ရှောင်ဟွာ ... နေ့ခင်း အိပ်ချိန်ရောက်ပြီ ။ လာ အိပ်မယ်....'

' ပါပါး နား အိပ်မှာ....'

ရိပေါ် ရှောင်းကျန့်အနားကို သမီးက တောက်တဲ့လို ကပ်နေတာကြောင့် သူလည်း ကပ်ချင်လို့ ဥာဏ်ဆင်လိုက်တာ သမီး အလည်က သူ့ ပါပါးနားပဲ အိပ်မယ် ဖြစ်သွားရော....

'မရဘူး ပါပါး က ထမင်းစားရမှာ.... သမီး ဆိုဖာမှာ လာအိပ်.....'

'ကဲ .... သွားအိပ် သွား ....။ ခနနေ နိုးမှ ဖေဖေ့ကို ရေခဲမုန့် သွားဝယ်ကျွေးခိုင်းလိုက်နော်...'

' ဖေဖေ ရေခဲမုန့် တကယ် ဝယ်ကျွေးရမယ်နော် .....'

'ကျွေးမယ် ကျွေးမယ် အခု လာအိပ်တော့....'

!!!!! ရေခဲမုန့် ကျေးဇူး ကြီး လိုက်တာ......!!!!!

ရိပေါ် သူ ခနလေး ဖင်လေး ပုတ်ပေးတာနဲ့ ချက်ချင်း အိပ်ပျော်သွားတာကြောင့် စောင်အပါးလေး ခြုံပေးလိုက်ပြီး နဖူးပေါ်ကျနေတဲ့ ဆံပင်လေးကို သပ်ပေးလိုက်တယ်။ ဒီလောက် အိပ်ချင်နေတာကို ပေနေတာ.......

ရိပေါ် သမီးကို သိပ်ပြီး ကျန့်ကျန့် ဆီ လာတော့ ကျန့်ကျန့်က အိပ်ဖို့ ပြင်နေတာကြောင့် ....

'ကျန့်ကျန့် နေ့လည်စာ မစားတော့ဘူးလား......'

'စားတော့ဘူး.....အိပ်တော့မယ် ပုခုံးက နာလာလို့....'

'ဟင် .... ဟုတ်လား။ ဒါဆို ဆရာဝန် ခေါ်လိုက်မယ်....'

'အာ... ရတယ် မလိုဘူး။ အရမ်းမနာပါဘူး။ ဒီတိုင်း အိပ်ချင်လာလို့။'

'ဘာလဲ .... ကျန့်ကျန့်က မောင် အနားကပ်တာ မကြိုက်လို့လား....'

' အိပ်ချင်လို့ ပါဆို....'

' အင်း... ဒါဆို မောင် အပြင်သွားလိုက်အုံးမယ်။'

မျက်နှာမကောင်းပဲ အပြင်ထွက်သွားတဲ့ မောင် ကြောင့် ရှောင်းကျန့် စိတ်မကောင်း ဖြစ်သွားရတယ်။ တကယ်တော့ ရှောင်းကျန့် ရှက်နေတာပါ။ အရင် သမီးကို ကိုယ်ဝန် ရှိတုန်းကကျတော့ မောင်က ခုလို အနားမှာ နေပြီး အရိပ်တကြည့်ကြည့် လုပ်မနေခဲ့ဘူးလေ။ ရှောင်းကျန့် ကျင့်သား မရသေးတာကြောင့် မောင် အနားကပ်တာ မကြိုက်တာ မဟုတ်ပဲ ရှက်နေခဲ့တာ။

Ex - Friend  ( Completed )Where stories live. Discover now