Ep - 11

2.9K 230 0
                                    

ရိပေါ် အိမ်ပြန်ရောက်တော့ ၉ နာရီ ထိုးခါနီးပြီမို့ ခြံထဲမှာ သူ့လူတွေ စောင့်နေတာ တွေ့လိုက်တယ်။

ရိပေါ် အိမ်ထဲ ဝင်လာတော့ အိမ်ပြင်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ မားကြောင့် ရိပေါ် ဖြေရှင်းချက်ပေးရတော့မယ်ဆိုတာ သိလိုက်တယ်။

' သား အိမ်ရှေ့မှာ သားရဲ့ အလုပ်သမားတွေဆို... သား အလုပ်က company အလုပ် မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက် ခန္တာကိုယ် ကြီးကြီးနဲ့ လူတွေ ပါနေတာလဲ။'

' အာ...မား ကလည်း လူတွေဆိုတာ သူတို့ အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ။ သူ့ ခန္တာကိုယ် ကြီးနေလဲ သူ့စိတ်က ပုရွက်ဆိတ်ကိုတောင် ကြောက်ချင် ကြောက်နေမှာပေါ့။'

A/N အေးအေး အရှေ့က လူတွေက ခါးကြားထဲက သေနတ်တွေ ပုတ် ပြနေပြီ။

' ဘာပြောပြော မား စိတ်ထဲ ခံစားလို့ မကောင်းဘူး။ သား အကိုကြီးလို လုပ်နေတာတော့ မဟုတ်ဘူးမလား။'

ရိပေါ် မားကို မလိမ်ညာချင်တာကြောင့် တိတ်ဆိတ်ပဲ နေလိုက်တယ်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်း ပဲ မလား။

' သားရယ်... ဘာလို့ အဲ့ဒီအလုပ်တွေ လုပ်နေရတာလဲ။ သားမှာ company လည်း ရှိနေတာပဲမလား။'

အဲ့ဒီ ကုမ္မဏီကလည်း အဲ့ငွေကနေ ဖြစ်လာတာဆိုတာကိုတော့ ရိပေါ် မပြောတော့ပါ။

ဟုတ်ပါတယ် ဝမ်ရိပေါ်ဆိုတာ လူ မသတ်ဖူးတာပဲ ရှိတယ်။ မြေအောက်လောကနဲ့ မကင်းပါ။ ဘာလို့ သူ ဒီလမ်း ရွေးချယ်ခဲ့သလဲ ဆိုရင် ငယ်ငယ်က ချမ်းသာချင်တယ်ဆိုတဲ့ ကောင်လေး တစ်ယောက်ကြောင့်ပေါ့။ ဒါပေမယ့် အခု အဲ့ကောင်လေးက သူ့လိုပဲ ပိုက်ဆံတွေ ရှာတတ်နေပြီ။ သူ့ကိုတောင် မလိုတော့ဘူးလေ။

ဒါပေမယ့် ရိပေါ် ဒီအလုပ် လုပ်ရလို့ နောင်တ မရပါ။ အကိုကြီးလည်း ဒီအလုပ် လုပ်ရင်း လုပ်ကြံခံခဲ့ရတာ။ ဒါပေမယ့် ပါး နဲ့ မားကို မသိစေချင်တာကြောင့် အက်ိုကြီး သေတာ ကုမရတဲ့ ရောဂါကြောင့်လို့ပဲ ပြောထားခဲ့တာ။ အဲ့တုန်းက ရိပေါ် လမ်းကြောင်းပေါ် စ လှမ်းရုံပဲ ရှိသေးတယ်။ ခုတော့ သူ့မှာ အားကိုးရတဲ့ ဝမ်ဟောက်ရွှမ်းတို့ ညီအကိုပါ ရှိနေပြီ။ သူနဲ့ သေဖော် သေဖက်တွေဆိုလည်း မမှားပါဘူး။

Ex - Friend  ( Completed )Tempat cerita menjadi hidup. Temukan sekarang