Ep - 19

2.3K 174 0
                                    

ရိပေါ် ရှောင်းကျန့် နဲ့ သမီးကို ဆိုင်ကို ဝင်ပို့ပေးပြီး အလုပ်ကို တန်းလာခဲ့လိုက်တယ်။

ရိပေါ် အလုပ်ရောက်တော့ ရုံးခန်းထဲမှာ စောင့်နေတဲ့ ဟောက်ရွှမ်းကို တွေ့လိုက်ရတယ်။

' အေး ခုန ငါ ရှောင်းကျန့် တို့ အိမ်မှာ မို့လို့။ အခု ပြောလို့ ရပြီ။'

' အေး ငါတို့ လူဆီကို Jade ဘက်က ဆက်သွယ်လာတယ်။ ဒီတစ်ခေါက် အရင်က အရေအတွက်ထက် ပိုလိုချင်တယ်တဲ့။'

' အေး ... ရတယ်မလား။ မင်း ဘယ်လို အကြောင်းပြန်လိုက်တာလဲ....'

' မင်းကို မမေးရသေးလို့လေ ငါလည်း ပြီးမှ အကြောင်း ပြန်မယ်လို့ ပြောထားတယ်။ အဲ့ဒါ မင်း ဘယ်လိုလုပ်ချင်လဲ။'

' အခု ငါတို့မှာ ရှိနေတာ ဘယ်လောက် ရှိတာလဲ။ အလုံလောက် ရှိရဲ့လား။'

' အရင်ကလည်း လက်ကျန်တွေ ရှိသေးတယ်။ ပြီးတော့ အခုလည်း ထပ်ထုတ်နေတယ်။ သူတို့ လိုချင်တဲ့ amount တော့ ရနိုင်မှာပါ။ ဒါပေမယ့် လမ်းကြောင်းပဲ....'

' အေး ဟုတ်တယ်။ ငါတို့ အရင်လို အလွယ်ဝင်လို့ မရတော့မှာပဲ စိုးရတယ်။ ပြီးတော့ ငါ ဒီလိုလုပ်တာ ရှောင်းကျန့် မသိဘူး။ ငါတို့ ဒီလောကထဲက ထွက်မှ ဖြစ်တော့မယ်။'

' အင်း ငါကတော့ မင်း သဘောပဲ။ မင်း လုပ်လို့ ငါ လိုက်လုပ်တာ။ မင်း ထွက်ရင် ငါလည်း ထွက်မယ်။ ပြီးတော့ ကျိုးချန်လည်း မင်း သဘောပဲ ဆိုတာ သိတယ်မလား။'

' အေးပါ ငါ သိပါတယ်။ ငါ ဒီလို ဆက်သွားနေရင် အရင်က ကိစ္စ မရှိပေမယ့် အခု ငါ့ကို လိုအပ်တဲ့ သမီး ရှိနေပြီ။ ပြီးတော့ ငါ သူတို့ကို ထားပြီး ထောင်ထဲ မဝင်ချင်ဘူး။'

' အင်း ဒီတစ်ခေါက် အပြီးသတ် လိုက်ကြတာပေါ့။'

' အဲ့ဒါဆို အကြောင်းပြန်လိုက်တော့ ငါတို့ လူ ကိုယ်တိုင် လာခဲ့မယ်လို့။ ပြီးတော့ ..... 'နောက်ထပ် ' ဆိုတာ မရှိတော့ဘူးဆိုတာပါ တခါတည်း ပြောလိုက်.....'

' အေး ......'
~~~~~~~~~~~~~~~
' ပါပါး ......'

' ပါပါး ....'

' ဟင် .... ဟင်...'

' ပါပါး ဘာတွေ အတွေးလွန်နေတာလဲ ... သမီးတို့ ဖွားဖွား ဆီ သွားရအောင်လေ။ Ben လေး နဲ့ သွား ဆော့မယ်။'

Ex - Friend  ( Completed )Where stories live. Discover now