Ep - 30

1.9K 132 0
                                    

ရိပေါ်နဲ့ ဟောက်ရွှမ်း ခါတိုင်း US သွားပေမယ့် ဒီတစ်ခါတော့ Switzerland ကို အစီစဉ် ပြောင်းသွားတာကြောင့် သမီးကိုတော့ ပြန်လာရင် ကိုးရီးယား ခေါ်သွားပေးမယ်ဆိုပြီး ထားခဲ့လိုက်ရတယ်။

' ဟောက်ရွှမ်း ငါတို့ ဟိုတယ်ပဲ တည်းရအောင် ငါ့အိမ်နဲ့ဆို အဆင်မပြေလောက်ဘူး။'

'အေး မင်း သဘောလေ။'

ရိပေါ်နဲ့ ဟောက်ရွှမ်း ဟိုတယ် ရောက်တော့ အဝတ်တွေ ထားပြီး အပြင်ပြန်ထွက်ဖို့ ပြင်ကြတယ်။

'ရိပေါ် ငါ ဆိုင်ကယ် သွားဌားကြည့်လိုက်အုံးမယ် ။ ဒီဟိုတယ်မှာ ရမလားလို့။'

'အေး ငါ လိုက်လာခဲ့မယ်။'

ရိပေါ် အောက်ဆင်းလာတော့ ဟိုတယ် ရှေ့မှာ ဆိုင်ကယ် တစ်စီးနဲ့ ဟောက်ရွှမ်းကို တွေ့လိုက်ရတယ်။

'လာ .... ငါပဲ မောင်းလိုက်မယ်။ မင်း အခြေနေတွေ လေ့လာလို့ ရတာပေါ့။'

' အေး .....'
~~~~~~~~~~
ရိပေါ်နဲ့ ဟောက်ရွှမ်း နေရာ တော်တော်များများ ကြည့်ပြီးသွားတော့ ထမင်းစားဖို့ ဆိုင် တစ်ဆိုင် ဝင်လိုက်ကြတယ်။

ရိပေါ် သူ ဖုန်းထဲက ရိုက်လာတဲ့ ပုံတွေကို ပြန်ကြည့်နေတယ်။

' ရှောင်းကျန့်သာ သိရင် မင်းတော့ မလွယ်ဘူး....'

' မင်း မပြောရင် သူ မသိပါဘူး။ ပြီးတော့ သူက ငါ့ကို ဒီလာတယ် ထင်မှာ မဟုတ်ဘူး။ ခုလို စိတ်ကောက်နေတာကိုပဲ ကျေးဇူးတင်ရမှာ။'

' အေး .... အခု အစီစဉ်က ဘာလဲ....'

' တစ်နေရာပြီး တစ်နေရာ မီးရှို့ပစ်မယ်။ ပြီးရင် သူတို့ စီးပွါးရေး အယောင်ပြထားတဲ့ Company မှာ အဖြူတွေ ဝင်ထားပြီး ရဲ ကို သတင်းပေးလိုက်မယ်။ အဓိက အဲ့လူ ထောင်ထဲ ရောက်သွားဖို့ပဲ။ ထောင်ထဲမှာ အသက်ရှင်ရတာ ဘာလဲ ဆိုတာ ပြပေးမယ်။'

' အဲ့လောက်ထိ လုပ်မှာလား။ မင်းတို့မှာ ကလေး ရှိတယ်နော်... လက်စားချေသွား ချေလာနဲ့ ပြီးမှာ မဟုတ်တော့ဘူး။'

ရိပေါ် ဟောက်ရွှမ်းဆီက ကလေး ဆိုတဲ့ အသံ ကြားမှ နည်းနည်းတွေဝေ သွားတယ်။ ပြီးတော့ ကျန့်ကျန့်လည်း သူ့ကို လက်စားပြန်ချေ စေချင်ခဲ့တာ မဟုတ်ဘူး။

Ex - Friend  ( Completed )Donde viven las historias. Descúbrelo ahora