Ep - 16

2.8K 189 0
                                    

၁၂ နာရီက ခွင့်ပြုပေးလိုက်တဲ့ ကိစ္စက နေ့လည် ၃ နာရီ ထိုးခါနီးမှ ရိပေါ်ရဲ့ လက်က လွှတ်သွားတဲ့ ရှောင်းကျန့် တစ်ယောက် စကားတောင် မပြောနိုင်တော့ပဲ အိပ်ပျော်သွားရတယ်။ ဝမ်ရိပေါ် ဘယ်တုန်းကတည်းက အငြိုးတွေနဲ့ နှိပ်စက်ချင်နေတာလဲ မသိဘူး။ ချီးကို ညင်သာ ပါလား......

ရိပေါ် သူ့လက်မောင်းပေါ် အိပ်နေတဲ့ ကျန့်ကျန့်ရဲ့ ခေါင်းကို နိုး မသွားအောင် ထိန်းကိုင်ပြီး ခေါင်းအုံးပေါ် ပြောင်းတင်ပေးလိုက်တယ်။ ပြီးတော့ မောပန်းလို့ အိပ်ပျော်နေတဲ့ ကျန့်ကျန့် ရဲ့ နဖူးလေးကို ခပ်ဖွဖွ အနမ်းပေးလိုက်တယ်။ ဟက်..... နောက်ဆို ဟိုဘီလူးမကို ပြန်ကြွားလို့ ရပြီ ကျန့်ကျန့် ခါးက သူ့ လက်တစ်ဖက်စာပဲ ရှိတယ် ဆိုတဲ့ အကြောင်းကို။

ရိပေါ် ကုတင်ပေါ်က ဆင်းလိုက်ပြီး အောက်မှာ ပြုတ်ကျနေတဲ့ တစ်ပက်ကို ပြန်ကောက်ပတ်လိုက်ပြီး ဟောက်ရွှမ်းကို ဖုန်းခေါ်လိုက်တယ်။

ဖုန်းဝင်သွားတော့ ရိပေါ် ဟလို လို့ မထူးရခင် သူ ဘာလို့ အလုပ် မလာလဲ ဆိုတာ သိချင်နေတဲ့ ဟောက်ရွှမ်းရဲ့ အလျင်စလို အသံကို စတင် ကြားလိုက်ရတယ်။

' ဟျောင့် ရိပေါ် မင်း ဘယ်မှာလဲ ဘာလို့ အလုပ်မလာတာလဲ'

ရိပေါ် ဖုန်းကို နား နားက ပြန်ခွါလိုက်ရတယ်။ ဒီကောင် ငါ့ကို တစ်ရက်လောက် မတွေ့တာနဲ့ ဘယ်တုန်းက ခုလို လိုက်ရှာတတ်သွားတာလဲ။

' အဲ့ဒါ ခန ထားအုံး။ အခု ငါ မင်းကို ခိုင်းစရာ ရှိလို့။'

'လာပြန်ပြီလား .... မင်း တပည့်တွေက အလှကြည့်ဖို့ ထား ထားတာလား။ ဘာလို့ ခိုင်းစရာ ရှိတာနဲ့ ငါ့ကိုပဲ ပြေးမြင်နေတာလဲ။'

' ဟျောင့် ဝမ်ဟောက်ရွှမ်း မင်း ဘယ်တုန်းက ဒီလောက် စကားများသွားတာလဲ။'

' အေး မလိုတဲ့ချိန် ဂရုစိုက် မခံရပဲ လိုမှ သတိရ ခံ ရရင် အဲ့လိုပဲ ပြောင်းလဲသွားတတ်တယ်။'

' ချီးးးးး ဘာစကားတွေ လာပြောနေတာလဲ။ အရင်လို ခွေးစကားပဲ ပြောပါ။'

' F**k ပဲလေ ဝမ်ရိပေါ်.....'

' ဟက် ...... အဲ့လိုပဲ လူတွေက အမှန်တရားဆို နားခါးတတ်ကြတယ်။ အဲ့အရည် မရ အဖတ် မရတွေ ထားစမ်းပါ။ အခု ငါ ပြောမယ့်ဟာ သေချာ နားထောင်'

Ex - Friend  ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin