Ep - 13

2.8K 208 4
                                    

ကိုးရီးယား ဆိပ်ကမ်း တစ်ခုရဲ့ ကွန်တိန်နာ အလွတ် တစ်လုံးထဲတွင်....

' တွေ့ရတာ ဝမ်းသာပါတယ်။ mr. fox ! ဒီတစ်ခေါက် ခင်ဗျား ကိုယ်တိုင် လာခဲ့မယ်လို့ တကယ်မမျှော်လင့်ထားဘူး။'

' ခင်ဗျားက တွေ့ချင်နေမှတော့ လာရမှာပေါ့။ ခင်ဗျားနဲ့ ကျနော်တို့နဲ့က လက်တွဲလာတာ ကြာပြီပဲလေ။ ဒီ တစ်ခေါက် စိတ်ဝင်စားစရာက ဘာလဲ....'

ရိပေါ် Jade လို့ အမည်ရတဲ့ ဟိုဘက်ကလူတွေကို ကြည့်လိုက်တော့ ဆရာတွေ ဖြစ်ပုံရတဲ့ နှစ်ယောက်က အစိမ်းရောင် မျက်နှာဖုံးတွေ တပ်ထားကြတယ်။ အနောက်က လူ ဆယ်ရောက်လောက်ကတော့ ရိုးရိုး မျက်နှာဖုံးတွေ တပ်ထားတယ်။

ရိပေါ် ဟိုဘက်က လူတွေနဲ့က ပစ္စည်းတွေ လဲ / ဝယ် နေကြတာ ကြာပြီ ဖြစ်ပေမယ့် လူချင်းတွေ့တာတော့ ဒါ ပထမဆုံးပါ။ ဟိုဘက်က တွေ့ချင်တယ်ပြောပေမယ့် ရိပေါ်က ကိုယ့်ဘက်က safe ဖြစ်အောင် မျက်နှာဖုံး ကောက်တပ်လာတာ မှန်သွားတယ်။ ဟက်..... တွေ့ချင်တယ် ပြောပြီး သူတို့လည်း မျက်နှာမပြချင်ပဲနဲ့။

ဟိုက်ခွမ်းလည်း သူနဲ့ ဆက်သွယ်ပြီး ပစ္စည်းတွေ ဝယ်နေတာ သူ့လို ရွယ်တူ ဖြစ်နေမယ်လို့ မထင်ထားဘူး။ အနည်းဆုံးတော့ အသက် ၃၀ ကျော်မယ် ထင်ထားတာ။

ဟုတ်ပါတယ် ကျနော် လျိုဟိုက်ခွမ်း ဆရာဝန် ၊ မှောင်ခို လုပ်ငန်းတွေ လုပ်ပါတယ်။ ကျနော့် ဘေးကလည်း ဆရာဝန်ပါပဲ သူကတော့ OG ဆရာဝန် စုန့်ကျိရန်ပါ။

A/N Surprise!!!!!!!! 😝

' ဒီ တစ်ခေါက် ပစ္စည်းက စျေးနည်းနည်း ပိုမယ်။ ကျနော်တို့ဘက်ကလည်း လမ်းကြောင်းတွေ ခက်ခက်ခဲခဲ သယ် လာရတာ။ ပြီးတော့ လမ်းတွေ တစ်လမ်းလုံး ခင်းလာခဲ့ရတယ်။'

' စျေးကတော့ ကျနော့်အတွက် ကိစ္စ မရှိပါဘူး အဓိက ပစ္စည်း သန့်ဖို့ပဲ...'

ဟိုက်ခွမ်း သူ့လူကို အချက်ပြလိုက်တယ်။

ရိပေါ်လည်း ဟောက်ရွှမ်းကို ခေါင်းဆတ်ပြလိုက်တယ်။

ဟောက်ရွှမ်း တစ်ဘက်က ဖွင့်ပြလာတဲ့ အဖြူထုပ်ကို ရိပေါ်ဆီ ဓားနဲ့ အနည်းငယ် ကလော် လာပေးလိုက်တယ်။

Ex - Friend  ( Completed )Where stories live. Discover now