Ep - 4

2.9K 244 3
                                    

ဝမ်ရိပေါ် ဧည့်ခန်းထဲမှာ ဖုန်းကိုင်ပြီး ထ လိုက် ထ လိုက် ဖြစ်နေတယ်။ ကျိုးချန်ကို ဖုန်းထပ်ဆက်ကြည့်ရမလား။ အာ... ၅ မိနစ်တောင် မရှိသေးဘူးလေ။ တော်ကြာ ဟိုကောင် စိတ်ဆိုးပြီး စောင့်ကြည့်မပေးတော့ဘူး ပြောရင် ဒုက္ခ။

Ben လေးကတော့ ကာတွန်းကား ကြည့်နေရင်း သူ့ ဒက်ဒီ ကို လျစ်လျူရှူထားလိုက်တယ်။ နေ့လည်ကလည်း သူ့ကို လာကြိုဖို့ မေ့နေလို့ သူများတွေ အကုန်ပြန်ပြီး ကျောင်းအုပ်က ဖုန်းဆက်ပေးမှ ပြန်လာကြိုတယ်။ အခုလည်း ညစာကို ကြက်ကြော်ပဲ စားခိုင်းနေတယ်။

'သား ခရီးလေး ဘာလေး မထွက်ချင်ဘူးလား။'

ရိပေါ် သားနား သွားထိုင်လိုက်ပြီး ချော့ပြောကြည့်လိုက်တယ်။ သူကလည်း သူပဲ အတွေးတွေ လွန်ပြီး သားကို ကျောင်းသွားကြိုဖို့ မေ့နေခဲ့တယ်။အခု ကိုယ်တောိလေးက သူ ကျွေးတဲ့ ကြက်ကြော် စားပြီး သူ့ကို စကားမပြောပါဘူး။

'ဒက်ဒီတို့ အထူးဆန်းလေး ဖြစ်အောင် ကိုးရီးယားမှာ နှင်းလျော သွားစီးကြမလား'

မျက်စောင်းလေးတော့ ထိုးလာပြီ။ ဒါ စိတ်ဝင်စားလာပြီ ဆိုတဲ့ အမူရာပေါ့။

'မနက်ဖြန် ကျောင်းပိတ်တယ်လေ။ သွားကြမယ်နော်။'

'နှင်းလျောစီးချင်ရင် ဂျပန် သွားမယ်လေ။ အဲ့ဒီမှာ ပိုမိုက်တယ်....'

ဝမ်ရိပေါ် နင်သွားရပြီလေ... အရင်တုန်းက သူ ဘာလို့ လျှာရှည်ပြီး ဂျပန်မှာ နှင်းလျောစီးလို့ ကောင်းတယ်လို့ သားကို ပြောပြထားတာပါလိမ့်။ အဲ့ဒါ .... ကျောင်းတုန်းက ဟိုကောင်နဲ့ အတူသွားမယ် ဆိုပြီး တိုင်ပင်ဖူးလို့ ဖြစ်မယ်။

'အခု ဂျပန်မှာ နောက်နှစ်ရက်ထိ မုန်တိုင်း ရှိတယ်တဲ့ ဒက်ဒီ ကြည့်ပြီးပြီ။ အဲ့ဒါကြောင့် ကိုးရီးယားပဲ သွားရအောင်'

'အာ..... အာ့ဆို သားတို့ ဖိုးဖိုး ဖွားဖွားဆီပဲ ပြန်မယ်လေ Switzerland လောက်တော့ ဘယ်ဟာမှ မမိုက်ပါဘူး။'

ငင့်...... မဖြစ်ဘူး။ အိပ်ဆေးတိုက်ပြီး ခေါ်သွားမှပဲ ရတော့မယ် ထင်တယ်။

ရိပေါ် ကြံရာမရ ဖြစ်နေတုန်း ဖုန်းမြည်လာတယ်။ ကြည့်လိုက်တော့ သူ မျှော်နေတဲ့ ဖုန်း မဟုတ်ပါဘူး။

Ex - Friend  ( Completed )Where stories live. Discover now