"ဟူးးး...ညောင်းလိုက်တာကွာ"
သူ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ထောင်မတ်ရှည်လျားတဲ့ တိုက်ခန်းရဲ့လှေကားကြီးကို ဆက်မတက်သေးပဲခဏနားလိုက်သည်။
အချိုးအကွေ့လေးနားမှာရပ်နေရာက အပြင်ဘက်ပြတင်းပေါက်ကို သူတစ်ချက်ကြည့်လိုက်တော့ အောက်မှာ လူတွေအုံအုံကြင်းကြင်း သွားလာနေကြတာကိုတွေ့လိုက်သည်။ နေပူပေမယ့်လည်း ဝမ်းရေးအတွက် ကြိုးစားရသည်မဟုတ်ပါလား။သူလည်း တစ်နေ့ထိုနေပူကြီးထဲချွေးသံတရဲရဲနဲ့ လုပ်ရမယ်လို့ သူ့ကိုအဖေအမြဲဆုံးမခဲ့တာတောင်သွားသတိရလိုက်သေး။ထို့ကြောင့်လည်း အိမ်ကိုအတိုက်အခံလုပ်ကိုယ့်အားကိုယ်ကိုးပြီး ဘွဲ့တစ်ခုရအောင်ယူမယ်ဟုဆုံးဖြတ်ကာ အိမ်ကဆင်းလာတော့သည်။သို့ပေမယ့်လည်းမကြာ အိမ်ကလိုက်ခေါ်လို့ အတင်းအိမ်ကိုပြန်လိုက်လာရသေးသည်။
အိမ်ပြန်ရောက်တော့အဆင်ပြေလားဆိုသော်လည်းမပြေ။ သိပ်တောင်မကြာလိုက်။နောက်တစ်ခေါက် အိမ်ပေါ်ကထပ်ဆင်းလာသည်။နောက်ဆုံးတော့ သူ့အဖေလည်းလက်လျှော့လိုက်ပြီး တိုက်ခန်းတစ်လုံးဝယ်လိုက်ကာ သူ့ကို တစ်ယောက်တည်းသီးသန့်နေစေတော့သည်။အဆောင်မှာပေစုတ်စုတ်သွားနေနေတာလည်းမကြိုက် အိမ်မှာလည်းထောင့်မကျိုးဆိုတော့ သူ့အဖေလည်း ကျောင်းနဲ့နီးတဲ့နေရာမှာ တိုက်ခန်းဝယ်ပေးရန်သာဆုံးဖြတ်လိုက်ပုံရသည်။
"နောက်ဆုံးအထပ်လား.....ဟုတ်ပြီ.."
ကိုယ့်ကိုယ်ကိုအားပေးကာ ကြိုစားတက်လာရင်း သူနေတဲ့အထပ်သို့အရောက်...
"ဟာ..."
မြင်ကွင်းက ဟာခနဲ ဖြစ်သွားလောက်ပင်။
သူ့အခန်း ရှေ့မှာ ဖိနပ်ကြိုးကို ကုံးပြီးချည်နေတဲ့ မိန်းကလေးတစ်ယောက်။အားရပါးရကော့ပြီးကုံးထားတော့ ဖင်ကြီးကို သူအောက်ကနေအတိုင်းသားမြင်လိုက်ရသည်။sport short ပန်းရောင်အတိုလေးက သူမရဲ့ဖွံ့ကားနေတဲ့ဖင်လုံးကြီးကိုလုံလုံခြုံခြုံမကာကွယ်နိုင်တော့ပေ ဝင်းမွတ်နေတဲ့ဖင်လုံးကြီးက အပြင်ကိုထိုးထွက်နေသည်။"ဂလု"
တောက်..ဒီလောက်လှတဲ့ဖင်ကြီးကွာ..အမောတောင်ပြေသွားတယ်..လို့တွေးမိလိုက်သေးသည်။ထို့နောက်..ဟာ...ငါဘာတွေတွေးနေတာလည်း..အာ..ရှစ်...ဒီစောက်တဏှာစိတ်တွေလာနှောင့်ယှက်ပြန်ပြီ..။
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။