ဆေးရုံကနေ အိမ်ကိုပြန်ရောက်ရောက်ချင်းညမှာပဲ ကောင်းမြတ်နဲ့ဆုရီတို့ ဖုန်းထဲမှာ message အပြန်အလှန်ပို့ရင်း မနေနိုင်တော့လို့ အခန်းကူးလာပြီး တစ်ချီဆွဲလိုက်ကြသေးသည်။
"အ...အ"
"ပလွတ်...ပလွတ်"သူမကအမြဲတမ်း ညဉ့်နက်ချိန်မှလာရတာတစ်ခြားကြောင့်တော့ မဟုတ် အမေနဲ့အဒေါ်အိပ်တာကိုစောင့်ရခြင်းပင်။တစ်ခါမှတော့ခိုးထွက်တာ မမိဖူးသေး။
"အမ အတွက်ကျွန်တော်ဝယ်ထားတာ"
"ဟီးး..."သူမပြုံးနေတာလေးကို သူကြည့်ပြီးကြည်နူးနေမိသည်။တစ်သက်လုံး ထိုကဲ့သို့ ကြည်နူးသွားချင်မိသည်။
"လှလား"
"အင်း"ပိုက်ဆံအိတ်လေးကို လွယ်ရင်းပို့စ်ပေးနေတဲ့ သူမဟာ သူ့မျက်လုံးတွေထဲ ပန်းခင်းထဲမှာဝဲနေတဲ့ လိပ်ပြာလေးတစ်ကောင် လွတ်လပ်စွာ ပျော်မြူးနေသလိုလို။
သူမအနားကိုသွားပြီ တဝကြီးဖက်ထားလိုက်မိသည်။
"အမကိုကျွန်တော်သဘောကျတယ်"
"ဟင်.."ရုတ်တရက်ကြီးဆိုတော့ သူမပျော်နေရာက..ကြောင်သွားသည်။ထို့နောက်သူမလည်းတင်းကျပ်စွာသူ့ကိုပြန်ဖက်ထားလိုက်သည်။
"ကျွန်တော့်အနားကဘယ်မှထွက်မသွားပါနဲ့နော်"
Depression ရာသီမို့လားမသိ ကောင်းမြတ်ကိုသူမချော့ရဦးမည်။
"အင်းပါ...အမဘယ်မှမသွားပါဘူး...အမြဲအတူရှိနေမယ်
..နော်"ခုံပေါ်မှာသူမထိုင်လိုက်ပြီး သူ့ကိုပေါင်ပေါ်မှာ အိပ်စေလိုက်သည်။
သူ့ရဲ့ဆံပင်တွေကို ညင်သာစွာပွတ်သပ်ပေးနေသည်။
သူကတော့မျက်လုံးလေးမှိတ်ကာ အိပ်နေသည်။"ကျောင်းစာတွေလုပ်ရတာ ပင်ပန်းလား"
"ပင်ပန်းတယ်...ဒါပေမယ့် အဲ့လောက်တော့မဟုတ်ပါဘူး"
"သူငယ်ချင်းတွေနဲ့ရော လျှောက်မသွားဘူးလား"
"သူတို့နဲ့က ဂိမ်းပဲဆော့တာ"
"ဪ"မိုးအေးအေးနဲ့ပတ်ဝန်းကျင်က သူ့မျက်လုံးတွေအားမှေးဆင်းသွားစေသည်။
"စိတ်မပူနဲ့နော်...အမကောင်းမြတ်ကိုဘယ်တော့မှထားမသွားဘူးသိလား"
"ဟုတ်"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။