Chapter - 6 (😧🕛🤦)

30K 141 3
                                    

"ဟာ...ဟျောင်"
"ဟူးး...ငါအခန်းမှားသွားပြီထင်တာ"
"ဘယ်လိုကနေဘယ်လို"
"မင်းဆီလာအိပ်တာလေ"
"ဟမ်"

ထင်ထားတဲ့လူနဲ့ ရောက်ချလာတဲ့လူက တလွဲ။
ကျားသားမိုးကြိုး ရောက်ချလာတဲ့သူက သူ့ဘော်ဒါကြီး ကျော်ကျော်။

"အေးကွာ..လာလာ...ဖုန်းလည်းကြိုမဆက်ဘူး"
"အစကအစီအစဉ်မရှိဘူး...ဒီညတော့အိမ်မပြန်ချင်တော့လို့ကွာ"
"ကားကရော"
"မပါဘူးလေ"

ကျော်ကျော် ရုတ်တရက်ကြီးရောက်ချလာတော့ သူအံ့ဩသွားရသည်။တခြားပြဿနာ‌တော့မရှိပေမယ့် ဆုရီကို မတွေ့အောင်လုပ်ရတော့မည်။

'ကြည့်ရတာ အမတော့မလာ‌တော့ဘူးထင်တယ် ဒီကောင့်ကိုမနက် စောစောပြန်ခိုင်းလိုက်ရင် မတွေ့လောက်တော့ဘူး'

"အိပ်တာကတော့အိပ်လို့ရပါတယ် မင်းငါ့အိပ်ရာပေါ်အိပ်လိုက် ငါအိမ်ရှေ့မှာအိပ်လိုက်မယ်"
"ရပါတယ်ကွာ...ငါရှေ့မှာအိပ်လိုက်မယ်"
"အဲ့တာဆိုလည်းနှစ်ကောင်လုံးရှေ့မှာပဲအိပ်မယ်လေ"
"အေးရတယ်"

ထို့နောက်‌ အိပ်ခန်းထဲက ခြင်ထောင်တွေခေါင်းအုံးတွေ ‌‌ ကောင်းမြတ် သွားယူပြီးပြန်ထွက်လာသည်။

"ကဲ...အိပ်တော့မှာလား"
"ဟမ်...မအိပ်သေးဘူးလေကွာ...‌ဂိမ်းလေးဘာလေးဆော့ရအောင်....ဘောလုံးပွဲရောမရှိဘူးလား"
"ဘောလုံးပွဲတော့မရှိဘူး..ဆော့ချင်ရင်တော့ ငါ့အကောင့်နဲ့ဆော့လေ ဟိုကောင်တွေရှိချင်ရှိမှာပေါ့ လိုင်းပေါ်မှာ"

ထိုသို့ပြောလိုက်သည်နှင့် ကျော်ကျော်တစ်ယောက်
ကွန်ပြူတာရှေ့ကိုဝင်ထိုင်လိုက်ပြီး ပါဝါဖွင့်လိုက်သည်။

"ဘယ်လိုဖြစ်ပြီးငါ့အိမ်ကို ရောက်ချလာတာတုန်း မင်းအိမ်နဲ့ရန်ဖြစ်ထားလို့လား"
"မဟုတ်ပါဘူး...ငါအိမ်ကိုပြောထားတယ်...ဒီတိုင်းလာအိပ်ချင်လို့လေ..အိပ်လို့မရဘူးလား"
"ရပါတယ်ဟ...ဆော်တွေသာခေါ်မလာနဲ့"

"အေးပါ...ငါအဲ့လောက်တော့မလုပ်ပါဘူး...မင်းကမင်းအိမ်လာမယ်ပြောတိုင်းအတင်းငြင်းနေလို့လေ အဲ့တာကြောင့် မပြောမဆိုနဲ့လာခဲ့တာ မင်းဘာတွေမဟုတ်တာလုပ်နေလဲလို့"

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now