"အမ"
"ဟင် ကောင်းမြတ်လေး"တွေ့တွေ့ချင်းဘဲ သူ့ကိုနှုတ်ဆက်တဲ့ ဆုရီဟာတော်တော်လေးမူးနေပြီဆိုတာ စားပွဲပေါ်က ဘီယာဘူးလေးနှစ်ဘူးကသက်သေ။ထို့အပြင် club မှာလည်းသောက်ထားလားမသိ။
"လာအိမ်ပြန်ရအောင်...အမ"
"ဘယ်ကနေဘယ်လိုရောက်လာတာလဲ ကောင်းမြတ်လေးရဲ့"သူ့ကိုတောက်လျှောက် မခေါ်မပြောရှောင်နေပြီးမှ အခုတော့ ကောင်းမြတ်လေးတဲ့လား။
"မိုးတွေလည်းရွာနေတယ် အမ ကြည့်ရတာမူးလည်းတော်တော်မူးနေပြီ...လာပါကျွန်တော်နဲ့အတူတိုက်ခန်းကို ပြန်ရအောင်"
"ခဏနေပါဦး"
"အမအမေတို့စိတ်ပူနေမယ်အမရဲ့...လာပါ"
"ပြီးရော...အဲ့တာဆိုဒါလေးစားလိုက်ဦးမယ်"သူမစားပြီးသည်အထိသူစောင့်ပြီးတဲ့အခါ
"ကားအားလားအစ်ကို"
အိမ်ကိုပြန်ဖို့တက္ကစီငှားလိုက်သည်။မိုးလေးကတဖြည်းဖြည်းစဲသွားခဲ့ပြီ။
ထို့နောက်တက္ကစီနောက်ခန်းမှာ တစ်လမ်းလုံးသူ့ပုခုံးလေးပေါ်မှီရင်းအိပ်လာတဲ့ သူမကို သူ လှည့်လှည့်ကြည့်တာကလည်းတစ်လမ်းလုံး။
မိနစ်၃၀ခန့်လောက်မောင်းပြီးတဲ့အခါ သူတို့အိမ်ကိုပြန်ရောက်လာပါပြီ။
ထိုအခါ ကောင်းမြတ်ကသူမရဲ့အခန်းတံခါးကိုသွားခေါက်ဖို့လုပ်တုန်း"ဟာ...နိုး...မခေါက်လိုက်နဲ့ဦး...ဒီလိုပုံစံကြီးနဲ့ပြန်လာရင်အိမ်ကသတ်လိမ့်မယ် ကောင်းမြတ်အခန်းထဲမှာပဲခဏနေပါရစေနော်"
"မဟုတ်ဘူးလေ..အမ"
"လုပ်ပါကောင်းမြတ်ရယ်...ကူညီပါ...ဟီးဟီး"ထို့ကြောင့်သူလည်းရွေးစရာမရှိသူ့အခန်းထဲသာခေါ်လာခဲ့ရတော့သည်။အခန်းထဲရောက်တော့ သူအဝတ်အစားလဲပြီးလို့ပြန်ထွက်လာပြီး
"အင်္ကျီတွေစိုနေလားအမ"
"ရတယ်..ရတယ်...မစိုဘူး"
"ခေါင်းတော့နည်းနည်းစိုနေတယ်နော်"ထို့နောက်သူ တဘတ်တစ်ထည် သုတ်ဖို့ပေးလိုက်သည်။သူမရှေ့မှာသူဝင်ထိုင်လိုက်သည်။
"မနက်ဖြန်ကျောင်းမသွားရဘူးလား"
"မသွားရဘူးလေ ပိတ်တယ်"
"ဟုတ်သားပဲ..."
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။