ရေပွက်ပွက်ဆူနေတဲ့ အိုးလေးထဲမှာ အသားလုံးလေးတွေ ပေါလောပေါ်နေသည်။
ဆုရီကအသားတစ်ချို့ကိုယူပြီးခဏအအေးခံထားသည်။အေးသွားတဲ့အခါ ကောင်းမြတ်ရဲ့ပန်းကန်ထဲကိုထည့်ပေးသည်။
"အမလည်းစားလေ"
"အင်း..စားပါတယ်"လို့ဖြေလိုက်ပေမယ့် လည်းအသားတော်တော်များများသူ့ကိုသာထည့်ပေးနေသည်။ထို့အပြင် အသားထုတ်တွေကိုလည်း အကုန်သူမပဲခွာပေးကပြုတ်ပေးနေတဲ့အတွက် မသိရင် ကောင်းမြတ်ကပဲ ဧည့်သည်ပြန်ဖြစ်သွားသလိုလို။
"အမ.."
"ဟင်"
"ကျွန်တော်ကဧည့်သည်ပြန်ဖြစ်နေပြီ"
"ဪ...ဟီးးးဟီး"
"အမစားပါကျွန်တော်က ဗိုက်သိပ်မဆာသေးဘူး"ထို့နောက်သူမကမေးသည်။
"ကောင်းမြတ် ဒီမှာနေတာကြာပြီလား"
"ဟုတ်...တစ်နှစ်နီးပါးလောက်တော့ရှိပီပေါ့"
"တကယ်"
"ဟုတ်..တကယ်"
"တစ်ယောက်ထဲနေရတော့ မပျင်းဘူးလား"
"ပျင်းတာပေါ့ဗျာ...ဒါပေမယ့်အခုတော့သိပ်မပျင်းတော့ဘူးလေ"
"ဘာလို့လဲ"လို့သူမကမေးတော့
'အမရောက်လာလို့လေ..'
လို့သူကပြန်ဖြေလိုက်ချင်သည်။သို့ပေမယ့်လည်းကြည့်ကောင်းအောင်သာပြန်ဖြေလိုက်သည်။
"နေသားကျသွားလို့ဖြစ်မှာပါ"
"အင်းပေါ့...ကြာလာတော့လည်းတစ်ယောက်တည်းနေတတ်သွားမှာပေါ့...ဟိုတစ်နေ့က ကောင်းမြတ်ရဲ့သူငယ်ချင်းကရော လာလာမအိပ်ဘူးလား"
"ကျော်ကျော်လား"
"အင်း..ဟိုနေ့ကလေ"
"သူကအဲ့နေ့ကမှ ပထမဆုံးလာအိပ်ဖူးတာ...သူက
ကျောင်းပြောင်းလာတာလေ...အရင်ကဒီမှာမနေဘူး"
"ဪ....အဲ့တာဆိုကျောင်းကတစ်ခြားသူငယ်ချင်းတွေရောမလာကြဘူးလား"
"အမ်းးးသူတို့ကလည်း ဂိမ်းပဲအတူဆော့တာများပါတယ် တစ်ခါတစ်လေမှလာတာပါ...ရှားပါတယ်"သူမရဲ့မေးခွန်းတွေဖြေပြီးတော့ သူ့ရဲ့မေးခွန်း တွေပြန်ဖြေရတော့မယ့် အလှည့်ရောက်ပြီလို့ ကောင်းမြတ်တွေးရင်းစမေးလေသည်။
"အမ..ညနေဘက်တွေစက်ဘီးထွက်စီးတယ်နော်"
"အင်း...စီးတယ်လေ"
"ညနေဘက်တွေပဲစီးတာလား"
"ဟုတ်တယ်..မနက်ပိုင်းက စောစောထဖြစ်မှစီးချင်တာ...စောစောကလည်းမထဖြစ်တာများတယ်လေ နေဖင်ထိုးမှထနေကျဆိုတော့...ဟီးးဟီးး"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။