ကျောင်းလာရတာဒီနေ့လောက် ကျက်သရေရှိပြီးပျော်ဖို့ကောင်းနေတာသူမကြုံဖူးခဲ့ပေ။
စိတ်ကအပျော်လွန်နေလို့လားမသိ မနက်စာမစားရသေးတာတောင်သူမှာသတိကမရ။
ဆိုင်ကယ်မောင်းနေတုန်းကအကောင်း ကျောင်းရောက်တော့ ဆိုင်ကယ်ပေါ်ကဆင်းလိုက်မှ လူကရိပ်ခနဲ မူးသွားသည်။
"အားလားးလားး....မနေ့ညက အိပ်ရေးတွေပျက်ရှက်ကီတွေသောက်...ဟိုဟာလုပ်ထားတာတွေထိပြီထင်တယ်"
ခေါင်းကိုတစ်ချက်ခါလိုက်ပြီး ကျောင်းခန်းထဲသာလာခဲ့တော့သည်။
ညနေကျောင်းဆင်းတော့....
ကျော်ကျော်နဲ့နှစ်ယောက်ကျောင်းကနေလျှောက်လာရင်း...
"မင်းကြည့်ရတာလည်းကွာ...လမ်းတောင်လျှောက်နိုင်ရဲ့လား"
"နည်းနည်းမူးချင်သလိုဖြစ်နေလို့"
"အရက်တွေဘာတွေ သောက်ထားလို့လား""မနေ့ညကနည်းနည်း..ငါ.."
ထိုစဉ်ပြောနေရင်း
"ဘုတ်"
ခနဲဆိုပစ်လဲသွားသည်။
"ဟျောင်...ကောင်းမြတ်...ဟာ..."
ချက်ချင်းဆိုသလို ကောင်းမြတ်အနားရောက်သွားပြီး
"ဟျောင်...ဟျောင်...ဟာဒုက္ခပဲ...ဘယ်လိုဖြစ်တာလဲ"
သူလည်းဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ ကျောင်းဆေးခန်းကိုလှမ်းဖုန်းဆက်ကြည့်တော့ ကျောင်းဆေးခန်းက ဆေးရုံတန်းသွားခိုင်းတာနဲ့ သူဆေးရုံကားခေါ်ပြီး လိုက်သွားလေသည်။ ကောင်းမြတ်ရဲ့ဆိုင်ကယ်ကိုတော့ ကျောင်းကအသိတစ်ယောက်ဆီမှာပဲအပ်ထားခဲ့လေသည်။
"ဝှီးယူ...ဝှီးယူ"
ကျော်ကျော်တစ်ယောက်ဆေးရုံကားနောက်ကနေ ထပ်ချက်မကွာ လိုက်လာရင်း လက်ထဲကကောင်းမြတ်ရဲ့ဖုန်းကိုနိုပ်နေသည်။
"ဘာကောင်လဲမသိဘူး....contact တွေဘယ်တော့မှမမှတ်ထားဘူး"
သူ့အိမ်ကိုဆက်မလို့ဖုန်းနံပါတ်ရှာပေမယ့် နာမည်တွေကတစ်ခုမှမပါ။ထို့ကြောင့် ကျော်ကျော်လည်း
"နောက်ဆုံးခေါ်ထားတာလေးကိုဆက်ကြည့်မယ်ကွာ"
"တီ....တီ..."
"ဒွီ"
"ဟယ်လို"
"ဟယ်လို ကောင်းမြတ်တို့အိမ်ကလားမသိဘူး"
"မဟုတ်ပါဘူး...ဘယ်သူလဲမသိဘူး"
"ဪ...ဆောရီးနော် ဖုန်းမှားသွားလို့"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။