ဆုရီသူ့ကိုလှမ်းကြည့်နေတာကိုတော့ ကောင်းမြတ်မမြင်ပေ။
သူ့ရဲ့ မသိစိတ်ထဲက တစ်ယောက်ယောက်သူ့ကိုကြည့်နေသလိုခံစားရတော့ အပေါ်ကိုမော့အကြည့်....'.......'
အခန်းထဲကို ဆုရီကလျှင်မြန်စွာဝင်ပြီးပုန်းလိုက်တဲ့အတွက်သူ မမြင်လိုက်ပေ။
ထို့နောက်သူ ကြက်သားဆန်ပြုတ်လေးဆွဲကာအပေါ်ကိုသာတက်လာခဲ့တော့သည်။_________________________
ကြေးအိုး၊ ဝက်ခြေထောက်စွပ်ပြုတ်၊ ကြာဇံချက်၊ ကြက်သားကွေ့တီယို၊ ထမင်းပေါင်း။
နောက်နေ့တွေမှာ တစ်ခါတစ်မျိုးမရိုးအောင် ကေသွယ် လာလာပို့သည်။နောက်ဆုံးကောင်းမြတ်ကတားယူရသည်အထိ။
"အစ်ကိုနေကောင်းနေပါပြီ လာမပို့နဲ့တော့နော်"
"နေကောင်းခါစဆိုတာ အားရှိတဲ့အစားအစာတွေစားရတယ်လေ...အားနာလို့တော့မငြင်းလိုက်ပါနဲ့လေ...ဘာမှမပင်ပန်းပါဘူး"'ပြောလို့လဲမရပါလား'
ကြာလာတော့ ကေသွယ့်ကို သူတော်တော်လေးအားနာ မိလာသည်။
"ရော့ပါ.."
လက်ထဲကိုအတင်းထည့်ပေးပြီး
"သွားပြီ..တာ့တာ"
ဟုပြောကာလှည့်အထွက် တိုက်ဆိုင်သည်ဟုဆိုရမလား အပြင်ကပြန်လာတဲ့ ဆုရီနဲ့ သူတို့သွားဆုံလေသည်။
ဆုရီကကေသွယ့်ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းမြတ်ကိုထပ်ကြည့်နေသည်။ကောင်းမြတ်ကလည်း သူမကိုသာသေချာကြည့်နေသည်။ကေသွယ်ကတော့ သူတို့နှစ်ယောက်အပြန်အလှန်စိုက်ကြည့်နေကြတာကို တွေ့နေရပြီး သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကိုလုံးလုံးမသိ။
"သွားပြီနော်...အစ်ကို"
"အင်းး"လို့သာတစ်ခွန်းထဲသူပြန်ဖြေလိုက်သည်။ထို့နောက်စကားတစ်ခွန်းမှမဟ ပြုံးတောင်မပြပဲ ဆုရီကသူ့ဘေးနားကဖြတ်ကာအပေါ်တက်သွားလေတော့သည်။
__________________________
ညရောက်ရင် သူ့မှာလုပ်စရာသုံးခုသာရှိသည်။
ဂိမ်းဆော့မည်၊ ဂွင်းထုမည်၊ တောင်တွေးမြောက်တွေးမည်။
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။