ကောင်းကင်မှာငှက်အုပ်ကြီး ပျံသွားတာကို ဝန်ရံတာမှာထွက်ထိုင်နေတဲ့ ကောင်းမြတ်တစ်ယောက် အသေအချာ လိုက်ကြည့်နေမိသည်။
ဒီနေ့တော့နေပြန်သာပြီ။မိုးအုံ့နေတာ ဘယ်နှစ်ရက်လောက်ရှိပြီမသိ။
ကျောင်းသွားဖို့ဆုံးဖြတ်ထားတာမို့ သိပ်မကြာခင်ပဲ ကျောင်းကိုဆိုင်ကယ်သွားယူပြီး လာခဲ့လေတော့သည်။
"ငါးကောင် ရောက်နေတာကြာပြီလား"
"အခုပဲရောက်တာ"
"ကောင်းတယ် ညနေငါမြို့ထဲမှာ ဝယ်စရာရှိလို့လိုက်ခဲ့ဦး"ကျော်ကျော်က ပုံမှန်လိုပဲဆက်ဆံနေတာဟာ ကောင်းမြတ်ကို ဖြစ်ပျက်ခဲ့တာတွေ မေ့မေ့ပျောက်ပျောက်စေချင်တဲ့ ဆန္ဒကြောင့်ပင်။
ညနေရောက်တော့ ကောင်းမြတ် သူနဲ့လိုက်ပေးခဲ့ပါသည်။စကားတွေပြောရင်းနောက်ရွှတ်ရင်းနဲ့ ပုံမှန်လိုပြန်ဖြစ်ခဲ့ပြီလို့ကျော်ကျော်ထင်ခဲ့တာပေါ့။
တစ်နေ့ ညဘက်ကြီးလမ်းဘေးမှာမှောက်နေတဲ့ သူ့သူငယ်ချင်းကြီးကိုသွားမတွေ့ခင် အချိန်အထိ။"ဟာ...ဘာလုပ်နေတာလဲ...ဟျောင်"
"အေ့...စိတ်ညစ်စရာလေးနည်းနည်းရှိလို့..."
ဘေးနားကိုကြည့်လိုက်တော့လည်း အန်ဖတ်တွေကအပုံလိုက်။
"ထကွာ....လာ...ငါအိမ်ပြန်ပို့ပေးမယ်"
ဆိုပြီးသူကောင်းမြတ်ကိုဆွဲထူလိုက်သည်။
"ငါ့ကိုမထိနဲ့...ငါလျှောက်နိုင်တယ်"
ထို့နောက်ဖြတ်သွားတဲ့ အတွဲတစ်တွဲကသူ့ကိုကြည့်သွားတော့ကောင်းမြတ်သွားရန်လုပ်ပြန်သည်။
"ဘာကြည့်တာလဲ...ထိုးမလို့လား"
"ဟျောင်....မင်းဘယ်လိုဖြစ်နေတာလဲ"ကျော်ကျော်သူ့ကိုဆွဲထားသည်။
"လာလေ....အဲ့လိုလာမကြည့်နဲ့ ထိုးမယ်ဆိုလာ"
"ဆောရီးနော် အစ်ကို"အစ်ကိုကြီး က ရတယ်ဆိုတဲ့ဟန်နဲ့ လက်ပြပြီးထွက်သွားသည့်တိုင် ကောင်းမြတ်ကပြဿနာလိုက်ရှာနေသေးတော့ ဆွဲထားတဲ့ကျော်ကျော် ဒေါသထွက်လာပြီး
"မင်းဦးနှောက်ရောမှန်သေးလား ဟမ်ဟျောင်"
"မမှန်တော့ရော မင်းကိစ္စလား"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။