Chapter - 4 (😴🍑💥)

36.8K 164 3
                                    


ဘောလုံးပွဲကြည့်ရင်း အိပ်ငိုက်နေတဲ့ကောင်းမြတ်တစ်ယောက်် ကိုကြည့်ရုံနဲ့အလွန်ပင်ပန်းနေသည်ကိုသိနိုင်သည်။ဂိုးသွားတာတောင် လက်ခုပ်ထမတီးနိုင်။ဆိုဖာပေါ် ဇတ်ကြီးကျိုးနေလေရဲ့။
အထီးကျန်ညတွေကို ဂိမ်းဆော့လိုက်ဘောပွဲကြည့်လိုက်နဲ့ ဖြတ်သန်းလာခဲ့တာ တစ်နှစ်နီးပါးတောင်ရှိတော့မည်။သူအိမ်ကနေခွဲထွက်ပြီးတစ်ကောင် တည်းရုန်းကန်လှုပ်ရှား ကြည့်မှ ဘဝအကြောင်းနည်းနည်း‌နားလည်လာခဲ့လေသည်။

သူ့အဖေရဲ့ရည်ရွယ်ချက်ကလည်း ထိုအတိုင်းပင်။

"မင်းနေကြည့်ပေါ့ကွာ...မင်းအသက်အရွယ်ဆိုတာ ကိုယ့်‌ ဝေယာဝစ္စကိစ္စတွေကိုယ်ကိုယ်တိုင် လုပ်သင့်တဲ့အချိန်ရောက်နေပြီ...ငါမင်းအရွယ်တုန်းကဆို..."

ထိုကဲ့သို့ အပ်ကြောင်းထပ် ဆုံးမစကားတွေကိုနားနဲ့မဆန့်အောင် သူနားထောင်လာခဲ့ရသည်။သူ့အဖေရဲ့အုပ်ချုပ်တဲ့ပုံစံကတစ်မျိုး။အရာရာကို ကိုယ်ကိုယ်တိုင်ကြုံပြီးသင်ခန်းစာယူစေသည်။သူကကြိုပြီးပြောမပြ။ဥပမာ "မီးကပူသည်" လို့မပြောပဲ "မီးကိုတို့ကြည့်လေ" လိုပြောပြီး ကိုယ်တိုင်‌သဘော‌ ပေါက်နားလည်အောင်လုပ်တတ်သည့် သူမျိုးတစ်ယောက်ပင်။

ယခုလည်း သူ့ကိုဆိုင်ကယ်လေးတစ်စီး ဝယ်ပေးဖို့ ပြောထားပေမယ့် သူ့အဖေက

"ဆိုင်ကယ်လိုချင်ရင် မင်းမုန့်ဖိုးတစ်ဝက်ထဲကစုပေါ့...ဒါမှမဟုတ်လည်း ငါမင်းကိုတစ်ဝက်ပဲပေးမယ် ကျန်တစ်ဝက်ကိုငါစုထားပေးမယ်"

လို့‌ပြန်ပြောတော့ သူဒုတိယအချက်ကိုရွေးလိုက်သည်။ယခု သူမုန့်ဖိုးတစ်ဝက်သာရတော့သည်။
အဆင်တော့သိပ်မပြေ။

ဆိုင်ကယ်လိုချင်တဲ့ အကြောင်းအရင်းကလည်းတစ်ခြားမဟုတ်။ကျော်ကျော်ကားနဲ့ လာလာခေါ်နေတာကို သူအားနာတာရယ်၊ သူ့အိမ်ခဏခဏလာနေရင် အမဆုရီကို တွေ့သွားမှာစိုးတာရယ် ကြောင့်ပင်ဖြစ်လေသည်။မဆိုင်ခင်ကတည်းက သူသဝန်တို‌တတ်နေခဲ့ပြီ။

__________________________

"ကျွန်တော်အမကို အမြဲသဘောကျနေခဲ့တာဗျ...
အမရောကျွန်တော့်အပေါ် ဘာခံစားချက်မှမရှိဘူးလား"

အိမ်မက်မဟုတ်‌သောအိမ်မက်Where stories live. Discover now