"ဒေါက်...ဒေါက်"
"ဟင်ဘယ်သူလဲ မသိဘူး"
"သူငယ်ချင်းတွေလား""သွားကြည့်လိုက်ဦးမယ်...တံခါးသော့ခတ်ထားလိုက်"
"အင်း...ခတ်ထားလိုက်မယ်"ထို့နောက် ကောင်းမြတ်တစ်ယောက် အဝတ်အစားအမြန်ဝတ်ပြီး ထွက်သွားသည်။
"ကျွီ"
'ဟာ...'
မျက်စိရှေ့မှာတွေ့လိုက်ရတဲ့ မထင်မှတ်ထားရတဲ့သူကြောင့် ကောင်းမြတ်အံ့အားသင့်သွားသည်။
"ဟာ...ဆောရီးညီလေးရေ...အစ်ကိုအိမ်မှားသွားလို့"
"ဗျာ"
"အခန်းနံပါတ်မှားသွားတာ...ဆောရီးဆောရီး"
"ဟုတ်"ဆိုပြီးသူတံခါးပြန်ပိတ်ဖို့လုပ်နေတုန်း မျိုးသူရက
"ဒါနဲ့ညီလေး အစ်ကို့ကိုရေလေးတစ်ခွက်လောက်တိုက်ပါလား အစ်ကိုရေအရမ်းဆာနေလို့ အခန်းကလည်းရှာရဦးမှာမို့လိုကွာ.. နော်"
ထိုအခါကောင်းမြတ်အနည်းငယ်စဉ်းစားလိုက်သည်။ရေတစ်ခွက်လောက်နဲ့တော့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး သူရေဘူးသွားယူလေသည်။
သူ့အကွက်ထဲကိုကွက်တိဝင်လာတဲ့အခါ မျိုးသူရမဲ့ပြုံးပြုံးလိုက်ပြီး အထဲကို မသိမသာလေးခေါင်းဝင်လိုက်သည်။ဟိုကြည့်ဒီကြည့်လုပ်သည်။
ထို့နောက်တံခါးအနောက်မှာ ရှိတဲ့ဖိနပ်စင်ပေါ်ကိုကြည့်လိုက်တဲ့အခါ"ဟင်းးး....ဒါသေချာပေါက်မင်းရဲ့ဖိနပ်ပဲ"
ဆုရီရဲ့ဖိနပ်လေးကိုသွားတွေ့လေသည်။
"ဂလု...ဂလု"
"ကျေးဇူး ညီလေး"
"ဟုတ်"မျိုးသူရ လှည့်ထွက်သွားတော့ ကောင်းမြတ်သူ့ကိုမျက်မှောင်ကြုံ့ပြီးကြည့်နေလိုက်သည်။
"ကျွီ"
"ဂျိမ်း""ဘယ်သူလဲ"
"အမ ချစ်သူ"
"ဟင်"ဘယ်လိုအကြောင်းကြောင့် သူ့အခန်းကိုမှ မှားလာရသလဲ ဆိုတာသူမသိပေမယ့် သတိတော့ထားရမည်လို့တွေးလိုက်သည်။
အခုထိတော့ သူ့ကို မျိုးသူရမသိလောက်သေးပါဘူးလို့ထင်ထားခဲ့ပေမယ့်.....________________________
"ခွပ်.."
"ဘုတ်"
"အု...အ"
"ခွပ်....ခွပ်"
"ဂုတ်...ဘုတ်"
"အ.....အားး"
"ထွီ"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။