မကြာခင်မိုးဖွားလေးတွေကျလာတော့ သူတို့ပြန်ဖို့ဆုံးဖြတ်ခဲ့သည်။
သို့ပေမယ့်လည်းမမှီလိုက်ပါ။လမ်းတစ်ဝက်မှာသဲကြီးမဲကြီးရွာချတော့ သူတို့နှစ်ယောက်လုံးရွှဲရွှဲစိုသွားခဲ့တော့သည်။
"ဟီးး..ဟီး"
"စိုကုန်ပြီလား...အမ"
"ရတယ် အမ ဘာမှမဖြစ်ဘူး"မိုးရေတွေထဲဆိုင်ကယ်မီး ပျပျလေးနဲ့ ကောင်းမြတ်တဖြည်းဖြည်းချင်းမောင်းလို့နေသည်။
သူ့ကိုဖက်ထားတဲ့ ဆုရီရဲ့လက်ကိုသူကိုင်ထားသည်။"ချမ်းနေပြီလား...ရောက်တော့မယ်နော်"
"ဟင့်အင်းရတယ်"တိုက်ခန်းကိုရောက်တော့ ဆုရီကဆင်းနေခဲ့ပြီး ကောင်းမြတ်ကတော့ဦးသောင်းတို့ခြံဘက်ကို ဆိုင်ကယ်သိမ်းဖို့မောင်းလာခဲ့လေသည်။
_____________________
သူမရဲ့လစာလေးနဲ့ ရပ်တည်နေရတဲ့ သူမတို့မိသားစုအတွက် ဒီအလုပ်ကိုလုံးဝစွန့်လွှတ်လို့ မဖြစ်တာမို့ ပြန်တော့သွားရပေဦးမည်။
လုပ်ချင်တာလုပ်ပြီးပြီမို့ ခံရမဲ့အလှည့်ကျ မနွဲ့စတမ်း သူမရင်ဆိုင်လိုက်သည်။အလုပ်ရှင်သူဌေးရဲ့ ဆူပူအော်ငောက်ခြင်းကို ခံရသည်သာမက လစာလည်းအဖြတ်ခံလိုက်ရလေသည်။
ညနေအလုပ်ဆင်းတော့.....
"ဆု...ကိုယ်တို့တစ်ခုခုသွားစားရအောင်"
"အိမ်ပြန်တော့မယ်..မလိုက်တော့ဘူး"ထိုအခါမျိုးသူရက
"ဆု"
လို့ခေါ်ပြီးလက်ကို ဖမ်းဆွဲထားသည်။
"မင်းကိုကိုယ်ရှင်းပြစရာတွေ တောင်းပန်စရာတွေရှိတယ်...ဒီတိုင်းရှောင်ပြေးနေလို့မရဘူးနော်"
"အင်း...ပြီးရောလေ"ထိုသို့ဖြင့်အနီးဆုံးမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုဆီကိုသွားခဲ့ကြသည်။ရောက်တဲ့အခါ မျိုးသူရကပဲစပြောလေသည်။
"ဆု...ကိုယ်တို့လက်ထပ်ကြရအောင်"
"ရှင်"
"ဖြစ်ခဲ့တဲ့ကိစ္စတွေ အကုန်လုံးကိုကိုယ်မင်းကိုတောင်းပန်ချင်တယ်...မင်းကွယ်ရာမှ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာတွေ မင်းကိုရိုက်မိခဲ့တာတွေ ခြိမ်းခြောက်မိတာတွေ အားလုံးကိုပါးစပ်နဲ့ တောင်းပန်ဖို့မလုံလောက်ဖူးဆိုတာသိတယ်....အဲ့တာကြောင့်ကိုယ်တို့လက်ထပ်ကြရအောင်...လက်ထပ်ပြီးရင် ဒီလိုကိစ္စတွေထပ်မဖြစ်ရတော့ဘူးလို့ကိုယ်ကတိပေးတယ်"
YOU ARE READING
အိမ်မက်မဟုတ်သောအိမ်မက်
General FictionWarning⚠️အပြာစာပါ⚠️ဇာတ်လမ်းကတော့...တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကို မိသားစုတစ်စုပြောင်းလာရာကစပါတယ်။