Ah Naw{4}

42 0 0
                                    

ကြည်နူးခြင်းစာရွက်လွှာမှာပျော်ရွှင်ခြင်းတံဆိပ်ကို ကြင်သူတစ်ဦးသာလျှင်  ဖိနိုပ်ပိုင်ခွင့်ရှိ၏။𓆤

ရေကူးကန်မှာရေချိုးခြင်းအမှုက နည်းနည်းကြာသွား၍ နှာချေချင်သလိုလိုဖြစ်ချင်သည့်အပြင် ချမ်းစိမ့်စိမ့်ပါဖြစ်လာ၍ နေမကောင်းမဖြစ်ရန်တားဆီးသည့်အနေဖြင့် Shirt စိမ်းပြာရောင်လက်ရှည်အထူနဲ့အတူ ဘောင်းဘီအရှည်တစ်ထည်ကိုလည်းအမြန်ကောက်စွတ်ရသည်။ ဘောင်းဘီတိုဝတ်နေကြဖြစ်၍ နေရတာအနည်းငယ်ကျဥ်းကျပ်ပေမယ့်   သူများအိမ်မှာချူချာနေ၍လည်းမဖြစ်။

စိုင်းခေတ် ပေးထားတဲ့ အင်္ကျီကနည်းငယ်ပွနေပေမယ့် အနော်နှစ်သက်၏။သို့ပေမယ့် မေမေလေးရှေ့မှာ စိုင်းခေတ် ပစ္စည်းတွေသုံးရင်လုံးဝမကြိုက်ဘူးဆိုပြီး  ခါးခါးသီးသီးဖြစ်ကတည်းက အနော့်မှာ ဂုန်းဆင်းပြီးသိမ်းထားရတဲ့ဘဝ !!

ဒေါက်တာတည်ကြည်မောင်ကညနေထမင်းစားချိန်သည့်တိုင်ပြန်မလာသေး ဧကန္တဆေးရုံမှနောက်ကျမည်ထင်သည်။အနော့်မျက်နှာကိုတစ်ချက်မျှမကြည့်ဘဲ ပြန်ရောက်ကထဲက အခန်းထဲသို့ဝင်သွားသော မမတစ်ယောက်ကတော့ ထမင်းစားချိန်တောင်အောက်ထပ်သို့ဆင်းမလာ ထမင်းချက်တဲ့ဒေါ်ဒေါ်ကြီးကသွားခေါ်ပေမယ့်အချည်းနှီးဖြစ်နေ၍  မဆီမဆိုင် အနော့်ကြောင့်လားလို့တွေးမိသည်။ သူများအိမ်မှာနေရတာ ထင်သလောက်တော့မလွယ်မှန်း အနော်သိပါရဲ့။

အခုလည်း ဧည့်ခန်းမှာစာကျက်ရင်း ဒေါက်တာကိုစောင့်နေသည်မှာ၉ နာရီပင်ကျော်လုပြီ။ ခြံစောင့် ဦးကျော်ကခွင့်တိုင်ထား၍ ဒီအိမ်ကြီးထဲမှာ ယောက်ျားသားကသူတစ်ယောက်ထဲ။
ကော်ဖီရောင်ဆံပင်တွေကို ထိပ်မှာစုစည်းပြီး  နှုတ်ခမ်းတစ်လှုပ်လှုပ်နဲ့သာ စာကျက်နေလိုက်တော့သည်။

အချိန်တွေကတစ်ရွေ့ရွေ့ကုန်လာသည့်တိုင် အနော့်မျက်လုံးတွေကမှေးဆင်းလာသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းမှာမျက်ခွံလောက် နူးညံ့သည့်အရာမရှိယခုလည်းဘယ်လိုဖွင့်ဖွင့် မပွင့်သည့်တိုင် မျက်လုံးတွေကလည်း အလံဖြူပြနေသည်မို့ စားပွဲခုံပေါ်သာ ခလောလိုက်ရတော့သည်။

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now