" ငါ သတ္တိရှိမယ် မောင် မင်းနဲ့အတူတူနေရမယ်ဆိုရင် နောင်တရစရာနေ့ရက်တွေလျော့နည်းသွားမယ်ထင်တယ် အထီးကျန်နေရမှာလည်းမဟုတ်တော့ဘူး လိုအပ်နေမှန်းသိရဲ့နဲ့ ငါမစွန့်လွှတ်နိုင်ဘူး"
" မောင်ရောပဲ ချစ်တယ် ကိုကိုရယ် သွေးသားသစ်ဆိုတဲ့ လူသားကိုပဲ အမြစ်တွယ်အောင် မြတ်နိုးမိနေပြီ"
" ဦးလွင်နဲ့ စိုင်းခေတ် ငါတို့ကို တားရင်တောင် တွေဝေပြီးနောက်မဆုတ်ပါနဲ့နော် "
ရင်ပြင်ကျယ်ထဲမှာ တစ်ဖဝါးမှ မခွာဘဲ မြတ်နိုးခြင်းမည်သော စကားတို့နှင့်အလွမ်းသယ်နေမိသည်။ မပြောင်းလဲခဲ့ဘူး ဒီခန္ဓာကိုယ်ဒီကိုယ်ငွေ့တွေက ရင်းနှီး နေဆဲ ကမ္ဘာသေးသေးလေးရယ်ပေါ့။ ချစ်မိအောင်မကြိုးစားခဲ့ပါဘဲ ချစ်ခဲ့ကြသည်။ သံသရာ အဆက်ဆက်အတွက် မပြောနိုင်ရင်တောင် ယခုဘဝကတော့ ဒီကမ္ဘာလေးမှာပဲ သက်ဆုံးတိုင်ပျော်မွေ့နေချင်၏။
အမှတ်တရ အဆိုးအကောင်းမှန်သမျှကို ဒီလူသားနဲ့ဖန်တီးချင်ပါတယ် ။ ဆုတောင်းခြွေချခဲ့သော နေ့ရက်တွေများခဲ့ရင်တောင် ရင်နှင့်အမျှ ဆုခြွေခဲ့တာ ဒီတစ်ခုထဲပါပဲလေ။
နဖူးပြင် ဧရိယာထက်သို့ အနမ်း၏ ခြေရာ ကျန်ရစ်ခဲ့ ပြီးနောက် ပိုတိုး၍ ထွေးပွေ့လိုက်တော့သည်။ ချစ်ခြင်းသည် ဖြူစင်သော်လည်း သွေးသား ဆန္ဒတို့ကတော့ ဖောက်ပြန်လာချင်သည်။ ချိုမြိန်လွန်းသော ဒီ ကိုယ်သင်းရနံ့ကို လောဘတက်ချင်မိသည့် စိတ်လေးက တိုးဝင်လာတော့ အမြန်ဖယ်ခွာလိုက်ရတော့သည်။ ၅နှစ်လုံးလုံး တစ်ကိုယ်ရည် ဖြေဖျောက်ဖို့တောင် မေ့နေခဲ့သူက ဒီလူသားနဲ့ကြမှ ထိလွယ်ရှလွယ်ဖြစ်ရသလားကွယ်။
" မောင် ဘာလို့မဖက်တော့တာလည်း လွမ်းနေတာပါဆိုကွာ'
အလွမ်းသယ်မိနေခိုက် ရုတ်တရက်ဖယ်ခွာသွားသူကြောင့် နှုတ်ခမ်းကို ရှေ့သို့မိုင်ကုန်ထော်ကာ ပေါင်ပေါ်သို့ တိုးခွေ့ထိုင်ရင်း လည်ပင်းကိုသိုင်းဖက်တော့ အနေရခက်သလို ကိုယ်ကို နောက်သို့ လှန်ထားမိသည်။
" မောင် လို့~~~"
" ကိုကို ဘယ်လိုအသံနဲ့ပြောနေတာလည်းဗျာ ဒုက္ခတွေများတော့မှာပဲ"
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎