ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ်
ခန္ဓာကိုယ်ကို စိတ် ဝိညာဥ်ကထိန်းချုပ်တယ်
စိတ် ဝိညာဥ်ကိုတော့ ထိုလူသားကထိန်းချုပ်သတဲ့
သွေးသားသစ်လူမျိုးစုံနဲ့ထိတွေ့ဆက်ဆံရတာကိုမကြောက်ဘူး ဒါပေမယ့် သဘောမကျတဲ့ လူတစ်ယောက်နဲ့တော့မျက်နှာချင်းတောင်မဆိုင်ချင်ဘူး။ သစ်က မလိုအပ်တဲ့သူကို လှိုက်လဲစွာဟန်ဆောင်ပြုံးရတာထက် တစ်ယောက်ထဲ မှန်ကြည့်ပြီးပြုံးရတာကိုပဲပိုနှစ်သက်အုန်းမယ်။ အခုလည်း နှင်ထုတ်နေတာတောင် ပေကပ်နေသော လွင်ခန့်သော်ဆိုတဲ့ ထိုလူကြီးကြောင့် မကြည်သာသောစိတ်က ခေါင်းရဲ့အနာကိုအထောက်အကူပြုလေသလားပဲ တစ်ဆစ်ဆစ်နဲ့ကိုက်နေတာများ သစ်ပင်ကိုပိုးစားနေသလိုပဲ။
"ကျွန်တော်နားပါရစေ ဦးလွင် ဘာလို့နှောင့်ယှက် နေရတာလည်း "
" ကိုယ်ကလည်းဘာလုပ်နေလို့လည်း သစ်ရယ် ဒီအတိုင်းလေးလူနာစောင့်ပေးနေရုံပဲ စိတ်ချလက်ချအိပ်"
" လူကြီးတွေကိုပြန်မပြောတာက ကျွန်တော့် သိက္ခာကိုကျွန်တော်ငဲ့နေလို့ပဲ ရောင့်တက်မလာနဲ့ ဦးလွင်ခန့်သော် "
" သစ်စိတ်မပူပါနဲ့ လူကြီးတွေသိသွားရင်တောင် တာဝန်ယူပေးမှာမလို့ စိတ်ချနေပါဆိုတာကို "
" ကျွန်တော်ကဆိုင်သူရှိပြီးသား"
" ပိုင်သူတော့မရှိသေးဘူးမလား?"
" ခင်ဗျားတော့မဖြစ်နိုင်ဘူးဆိုတာကျိမ်းသေးတယ်"
"မင်းသိလား သစ် မင်းနဲ့စကားပြောရတာ အချုပ်အနှောင်ကင်းတယ် ပြီးတော့စိတ်ပင်ပန်းမှုတွေလည်း ပျောက်သေးတယ် ဘယ်လိုစွမ်းအားတွေရှိနေတာလည်းကွာ သဘောကျလိုက်တာ"
အဓိပ္ပာယ်အစဖော်မရတဲ့ စကားတွေကြောင့် "ပင်ပန်းနေတာလား"ဟု ခနတာတွေဝေသွားရမှ ချက်ချင်းအသိစိတ်ကပ်လိုက်မိသည်။
"ကျွန်တော်ကတော့ ခင်ဗျားနဲ့ပြောရတာ ရောဂါတွေပိုတက်တယ်"
" လူဆိုတာကိုယ့်ပျော်ရွှင်မှုကိုကိုယ်တိုင်ဖန်တီးရတယ်တဲ့ ကိုယ်အခုပျော်နေပြီပဲ သစ်မပျော်လည်း သိပ်တော့ ကိစ္စမရှိဘူး"
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎