အဆုံးမရှိသော လွတ်လပ်ခြင်းတွေလို့ အဓိပ္ပာယ်ရသော သေဆုံးခြင်း
သေဆုံးခြင်းလို့ အဓိပ္ပာယ်ရသော အမည်ဖော်မရသော နာကျင်ဝမ်းနည်းမှု
ရှုပ်ထွေးဝမ်းနည်းနေသည့် ခံစားချက် ရဲ့ အဓိပ္ပာယ်ကတော့ မင်းရှိသောအရပ်နဲ့ ဝေးကွာနေရခြင်းပဲ ချစ်သူ
ပြန်လာခဲ့ပါလို့ပြောနေမဲ့သူမဟုတ်ဘူး ငါကိုယ်တိုင်မင်းဆီလှမ်းလာမှာမလို့.....
မိုးလေဝသရဲ့ ကျန်းမာရေးအခြအနေကအနည်းငယ်နှာစေးနေသဖြင့် မိုးစက်ဖျောက်ဖျောက်က သစ်ရွက်ကြွေတွေလိုခေါင်မိုးနဲ့ သူနေထိုင်ရာပတ်ဝန်းကျင်ကို စိုထိုင်းထိုင်းပက်ဖျန်းစေသည်။ ဗွက်အိုင်အနည်းငယ်ပေကျံချင်နေပြီဖြစ်သော ခြံဝန်းထဲကိုတော့ စိမ်းလမ်းစွာကြိုဆိုနေသော သစ်ပင်တွေမှအပ သူကတော့ ခြေတစ်လှမ်းတောင်မကြွတော့။
ဒီလောက် ပွန်းပဲ့သွားတာတောင် ဆေးရုံကိုမသွားဘဲ အဆင်မှပြေပါ့မလား။
" မနိုး သေးဘူးလား ?သစ် ဒီကောင်လေးအအိပ်မက်တာပဲ"
" ဆေးရုံကိုသွားရင် ပိုအဆင်ပြေတာပေါ့ အခုက"
" သူ ဒီမှာနေချင်လို့နေမှာပေါ့ ဆေးရုံကိုသွားမယ်ပြောတုန်းက အတင်းညင်းတာပဲ "
" အခုနင်တို့ပြန်တွေ့ကြပြီလေ ဘာဆက်လုပ်မှာလည်း"
အာ့ ..အမေ့!!!
ထိခိုက်သွားသောလက်ကို တစ်ဖက်လှည့်စဥ် မေ့ပြီးဖိမိသွားတာကြောင့် နာကျင်သောညည်းညူးသံက အခန်းရဲ့ အပြင်ဘက်သို့ အသံလျှံလာသည်။ ချက်ခြင်းဆိုသလို အနားသို့ သွားခစားသော သစ်ကိုကြည့်ရုံနဲ့ အရင်ကလိုခံစားချက်တွေပဲ ဆိုတာကို အထူးတလည်မေးစရာမလိုတော့။ လွတ်လွတ်လပ်လပ် ပြောကြပါစေ ။
"အဆင်ပြေရဲ့လား?"
" လက်ကိုဖိမိသွားလို့ပါ မနာပါဘူး"
" မင်းဘာလုပ်နေတာလည်း toilet သွားချင်လို့လား ခနတော့ငြိမ်ငြိမ် လေးလှဲနေအုန်းလေ "
" ပြန်တော့မလို့ "
" ဒွေးမယ်နော် !! ဘာတွေကိုအလိုမကျဖြစ်နေတာလည်း လှဲနေလို့ငါပြောနေတယ် မကြားဘူးလား ဒါကငါ့အိမ်နော် ငါ့သဘောအတိုင်းနေ"
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎