Ah Naw{5}

46 1 0
                                    

ကာကွယ်ပေးချင်တာ

သန်မာလွန်းလို့တော့မဟုတ်ဘူး

ကိုယ်ရဲ့ခြေလှမ်းတွေသာနှေးကွေးနေရင်

မင်းအနားမှာနေခွင့်မရမှာစိုးလို့!!
🍂

စာရွက်ဖိုင်တွဲတွေနဲ့ပြည့်နက်နေသော လေးထောင့်ဆန်ဆန်စားပွဲခုံပေါ်ဝယ် အသက်ရှူဖို့ကိုတောင်မေ့နေရလောက်အောင်ဗျာများနေသော စိုင်းခေတ်သဏ္ဌာန် တစ်ယောက် အလုပ်ရှုပ်နေလေ၏။
အပျင်းပြေစေရန်ဖွင့်ထားသော သီချင်းတွေကလည်းကြားတစ်ချက်မကြားတစ်ချက် ဘေးကကြည့်နေသောမေမေကပင် အစာလွန်မည်စိုး၍ တားယူရသည်။ဒါပေမယ့် စိုင်းခေတ်ကိုယ်တိုင်တောင်ပင်ပန်းနေသည်ဟုမထင်သည်မှာအမှန်။

"သားရယ် ကျောင်းစာတစ်ဖက်နဲ့အလုပ်အဲလောက်မလုပ်ပါနဲ့ သားအရမ်းပင်ပန်းလိမ့်မယ်မဖြစ်ပါဘူးသားဖေဖေကိုပြောရမယ် ကျောင်းပြီးမှအလုပ်လုပ်ရမယ်လို့"

"ရပါတယ်မေမေရယ် သားမပင်ပန်းပါဘူး အလုပ်ကိုကျွမ်းကျင်အောင်အခုထဲက..."

" ဘာမှထပ်မပြောနဲ့တော့ မေမေ့စကားသာနားထောင်"

အမိန့်ဆန်သောစကားလုံးမဟုတ်ပေမယ့်နာခံရမည်ကိုတော့ စိုင်းခေတ်သိသည်။

"သားမနက်ရန်ကုန်သွားမလို့မေမေ "

" အနော့်ကိုသွားတွေ့မလို့လား?"

သူ့ဘေးမှာထိုင်နေသောမေမေက အလယ်ဗဟိုတည့်တည့်မှာ လှပစွာထိုးစိုက်ထားသော ကြွေပန်းအိုးကိုအနည်းငယ်ပြုပြင်ရင်းမေးနေသည်က မထူးဆန်းသည့် ကိစ္စနှယ်။

"အနော်အဆင်ပြေရဲ့လားသွားကြည့်ချင်လို့"

" အနော်နေတဲ့နေရာသိလို့လား သားရယ် စိမ်းနုနုက "

'အနော့်အကြောင်း သားအကုန်စုံစမ်းထားပြီးသားသူ့အကြောင်းအမှုန်အမွှားလေးကအစ သားစိတ်ဝင်စားတယ်မေမေ"

"မေမေထိုးပေးထားတဲ့ ဆွယ်တာအပြာနုရောင်လေးအနော့်အတွက်ယူသွားချည်အုန်း အနော်ကအပြာရောင်ကြိုက်တော့သူသဘောကျမှာပါ"

သူ့အကြောင်းကိုစုံလင်စွာသိနေသူမေမေက အဓိပ္ပာယ်ပါသောစကားချိုချိုတို့ကိုပြောနေသည်မို့ သူပြုံးမိသည်။လှိုက်တက်လာသော အလုံးကြီးကသေချာသည်အပျော်တွေစုမြုံနေတယ်ဆိုတာသူခန့်မှန်းစရာမလို။

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now