Ah Naw {12}

40 0 0
                                    

ဖိတ်ကြားလွှာ

တစ်ဦးထဲကျင်းပမည့်

ရင်ကွဲခြင်း အခမ်းအနားအား

နွမ်းလျစွာ သီကြူးထားသော ပေရွက်လွှာနှင့်

သက်ဆိုင်သူ၏ ခြေတော်ရင်းထံသို့

လျှို့ဝှက်စွာ ဆက်သပါမည်။

အမုန်းလက်ဆောင်ပေးသနားစေလိုကြောင်း.....

ခြံဝန်းကျယ်ကျယ်ထဲ၏ ဂိုထောင်ထဲ၌ ဆိုင်ကယ်ထားပြီးနောက် သီချင်းတစ်ပုဒ်ကို တစ်ကိုယ်ရည်ကြားအောင် တီးတိုးရွတ်ဆိုရင်း ဆိုင်ကယ်သော့ကို လက်ညှိုးထိပ်မှာအသာအယာဝေ့ယမ်းကာ အိမ်ပေါ်သို့ ခပ်မှန်မှန်လေးတက်လာလိုက်သည်။

အသည်းယားစေနိုင်သော အပြုံးချိုချိုလေးကိုလည်း အနည်းငယ်သာလွန်စွာတွေ့မြင်နိုင်တဲ့မျက်နှာနှင့် လျှောက်လာသော သူ့ကို ဧည့်ခန်းမှာစကားပြောရင်းစောင့်နေသောမေမေက လှမ်းခေါ်သည်။ ထို့နောက် မေမေ့ဘေးကလူ

ဦးလွင်

တီးတိုးရွတ်ဆိုရင်း မျက်မှောင်ကျုံ့ကာသေချာကြည့်နေသည့် ကျွန်တော်က ခုနကနှင့်လားလားမျှမဆိုင်။ထိုအမူအယာကို ဦးလွင်ခန့်သော်က သဘောကျသည့်နှယ် တစ်ချက်ပြုံးသည်။ နှုတ်ခမ်းတစ်ဖက်တည်းသာတွန့်ကွေးသွားတဲ့ ခနဲ့တဲ့တဲ့အပြုံး။ ပြီးတော့ သူ့ထက်ပိုစူးရဲသောမျက်လုံးများဖြင့်တုံ့ပြန်သည်။ အမေ့မောင်အငယ်ဆုံးပင်မယ့်သူနဲ့အသက်၉နှစ်သာကွာသော အသက်အရွယ်မို့ မလေးစားခြင်းမဟုတ်ပါဘဲနဲ့ အပြစ်ရှာနေပုံရသောမျက်လုံးတွေကြောင့် သူသဘောမကျရခြင်း။ပြီးတော့လည်း

"လာထိုင်အုန်းမေမေပြောစရာရှိတယ်"

အိမ်ပြန်နောက်ကျလို့ဆူမှာတော့မဟုတ်ဘူးမလား? ဒီအပြစ်သေးသေးလေးကို အရေးကြီးခွင်ကျယ်မလုပ်ဖို့မျှော်လင့်ရင်း ကျုံ့ကျုံ့လေးဖြင့် နီညိုနေသောကျွန်းထိုင်ခုံတစ်လုံးမှာဝင်ထိုင်လိုက်သည်။

" လွင်က American ကိုသွားမလို့တဲ့ "

"လွင်"ဆိုပြီးအစချီတဲ့စကားအသွားအလာအရ ထပ်မပြောစေချင်တော့သည့်ကျွန်တော်။

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now