မှန်သားဗီဒွီယို ထဲမှာကျကျနန နေရာယူနေသောကိုကိုကြီးဓာတ်ပုံ အလ်ဘမ်များစွာထဲမှ သစ်ပင်စိုက်နေသောဓါတ်ပုံကိုသာ ကြည့်နေမိသည်။ "ပြုံးပန်းဝေ"ဂေဟာရဲ့အငွေ့အသက်လွှမ်းနေသော ဒီဓါတ်ပုံလေးကဘယ်သူရိုက်ပေးခဲ့လည်းခန့်မှန်းစရာမလို။ မချစ်ခဲ့တာသေချာရဲ့လား ကိုကိုကြီးရယ်မေးချင်ပေမယ့် မေးဖို့အင်အားရော ငွေရောင့်မှာရှိပါရဲ့လား။
" အဲဒါကိုကိုကြီးရဲ့ အကြိုက်ဆုံးပုံလေတစ်ခါတစ်လေဆိုအဲဓါတ်ပုံကိုအကြာကြီးရပ်ကြည့်နေတတ်တာ"
" သူ့ချစ်သူရိုက်ပေးထားတာများဖြစ်နေမလား?"
" မဟုတ်ပါဘူးကွယ် ကိုကိုကြီးက ချစ်သူထားဖို့ပြောတာတောင် စကားလမ်းကြောင်းလွှဲတတ်တာ ထားရင်လည်းသူတစ်ကယ်ချစ်မှထားမယ်ထင်တယ်"
" ဟုတ်လောက်မှာပါ "
ပွမ် ပွမ် ပွမ်
ခြံရှေမှာရပ်ထားတဲ့ ကားသံကြောင့် စကားစဖြတ်သွားပြီး နှစ်ယောက်လုံး ခေါင်းပြူကြည့်မိသည်။
"ဟောကားသံကြားတယ် ကိုကိုကြီးများလား"
" ဟင် ငွေရောင်သွားကြည့်လိုက်မယ် မေမေလေး"
စကားထက်လူကရှေ့ရောက်နေပြီဖြစ်သော ထိုလူငယ်လေးကမှိုရတာထက်ပိုပြီးပျော်နေသလိုပင်။
မျှော်လင့်နေရသူနဲ့တွေ့တော့မည်ဟူသောခံစားချက်က ၁၀ကျော်သက်ပီသစွာ ရင်ခုန်သံတွေကလည်းသစ်လွင်မြန်ဆန်လွန်းသည်။ သို့ပေမယ့် ပထမဆုံးမြင်ရသည်က မှန်ချထားသောကားတံခါးဘောင်ကို လက်တင်ရင်းမှိုင်ပြနေသောအမူအယာနဲ့ အပြင်ကိုငေးကြည့်နေသော အနော်။
သူ့ကိုတွေ့တော့ အံ့သြသောအမူအယာကခနသာပဲလျှပ်ပြေးပြီး မည်သူ့ကိုမှ ဝေ့ဝဲကြည့်ခြင်းမရှိတော့ဘဲအိမ်ထဲကိုသာတစ်လှမ်းခြင်းဝင်သွားသည်။ငွေရောင်လည်း သူ့ကိုစိုက်ကြည့်နေသော ကိုကိုကြီးကြောင့် ရပ်နေရမလို အနားသွားရမလိုနဲ့ အတွေးထဲဗျာများနေရသည်။
" ဘာလုပ်နေတာလည်း ဒီကိုလာခဲ့လေ"
လက်နှစ်ဖက်ကိုဆန့်တန်းပြီးခေါ်မှ ရင်ခွင်ထဲကို ဒုံးကျဥ်တစ်စင်းလိုပြေးဝင်မိသည်။ ဆံပင်ကောက်ကောက်လေးတွေကိုသပ်တင်ရင်း ခေါင်းလျှော်ရည်ရနံ့သင်းသင်းလေးတွေကိုတစ်ဝနမ်းရှိုက်ပြီးမှ လွှတ်ပေးဖို့သတိရမိသည်။
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎