ဒီအပိုင်းကိုကျော်သွားရင်ရပါတယ်ဗျ။
" ကိုကို ဒီအစီအစဥ်ကအဆင်ပြေရဲ့လား"
" မေးဖို့လိုသေးလို့လား မင်းစီစဥ်ထားတာပဲဟာကို ငါမကန့်ကွက်ပါဘူး"
" အနော့်ကိုယုံတယ်မလား အဆင်ပြေသွားမှာပါ "
အပြုံးနဲ့ဒွန်တွဲလာသည့် ခေါင်းငြိမ့်ပြသည့်အမူအယာက လေးကန်ခြင်းအလျင်းမရှိဘဲ ပကတိယုံကြည်သောအမူအယာအပြည့်နှင့်မို့ သူစိတ်အေးရသည်။ အစီအစဉ်ကကျားပါးစပ်ထဲ တိုက်ရိုက်ခုန်ချရမည်မို့ အနည်းငယ်တော့စွန့်စားရာကြသည်။
သူကိုယ်တိုင်လည်း ဦးလွင့်ခန့်သော်ဆီ လွှတ်ရမှာ စိတ်မချပေမယ့် ဒီနည်းလမ်းတစ်ခုသာ သင့်တော်သည်။ ကိုကိုအပြစ်မရှိကြောင်းကို ဖြေရှင်းနိုင်တဲ့လူကအဲ့မိသားစုရဲ့အဓိကလူဖြစ်နေသည့် ဦးလွင်ခန့်သော်တစ်ယောက်ထဲသာ။ ပြီးတော့သူလည်းကိုကိုကြီးဆီကနေ တစ်ချို့အကြောင်းအရာတွေကို ဖော်ထုတ်ရမည်။ အစီအစဥ်အောင်မြင်ရင် လွင်ခန့်သော်နဲ့ကိုကို့ ကိစ္စဒီတစ်သက် ဆက်နွယ်စရာအကြောင်းမရှိတော့။ ကိုကိုကြီးနဲ့ငွေရောင်ကတော့ ဘယ်လိုရှေ့ဆက်ကြမည်လည်းသူမသိ .....။
" အနော် အဲလူယုံအောင်လုပ်ရမှာမလွယ်ဘူးထင်တယ်~~"
" ကိုကိုအဆင်ပြေရဲ့လား"
ကြမ်းပြင်ပေါ်ကိုဒူးဒေါက်ထိုင်ချရင်း အနည်းငယ်စိတ်ဖိစီးနေသော ချစ်ရသော လူသားလေးကိုမော့ကြည့်မိသည်။ လည်တိုင်နုနုကနေ သူလိုရာကိုဆွဲယူတော့ အသင့်ပါလာသည့် ပန်းရောင်ယှက်ပြေးသောနှုတ်ခမ်းအိအိနုထွေးလေး ဆဖိကပ်ထားသည့်အခါ စိတ်မရှည်ဟန် အလိုက်တသင့်တိုးဝင်လာတဲ့ နူးညံ့တဲ့လျှာဖျားလေးက အလောတကြီး အနော့်ခံတွင်းထဲထဲ မွှေနှောက်၏။ ထို့အပြင်အနော့်လက်တစ်ဖက်ကို သူ ရင်ဘတ်ပေါ်တင်ပေးနေပြန်သည်။
" လို..လိုချင်တယ် ဒီတစ်ခါထဲ~~"
"ဟင်ထူးထူးဆန်းဆန်း"
ပြောပြီးပြီးချင်း ဇာတိပြလာသည့်ပါးနှစ်ဖက်ကမူပိုင် ရဲတက်နေသည်။ တုန်ယင်လှိုက်မောနေသော စကားသံတွေက အထိန်းအချုပ်ကင်းမဲ့နေသော မောင်းသူမဲ့ ရထားလုံးနှယ်။ မပြောစဖူး လိုလိုချင်ချင်ပြောလာတဲ့အခါ အခုချက်ခြင်းရယူချင်ပေမယ့် ချစ်ရသူလေးကိုစချင်တာကြောင့်
KAMU SEDANG MEMBACA
𝙰𝚑 𝙽𝚊𝚠
Romansaသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎