Ah Naw {14}

50 1 0
                                    

Warning ပေးပါတယ်နော် တစ်ချို့စာသားတွေကပွင့်လင်းတဲ့အတွက် အဆင်ပြေမှဖတ်ပါ ⚠️

အရိုင်းဆန်တဲ့ နှလုံးသားနဲ့ နူးညံ့သောကြင်နာသူ ..

  "  အနော်ဗိုက်ဆာနေပြီလား "

"ဟင့်အင်း"

"ဒီကိုလာ"

ဆေးရုံပြတင်းဆောင်ကနေ လမ်းမကိုလှမ်းမျှော်ကြည့်နေသည့် သူ့ကိုခပ်တိုးတိုးလေးခေါ်နေ၍ စက္ကန့်မခြားခေါင်းငြိမ့်ပြမိရင်း အနားမှာသွားထိုင်လိုက်သည်။

" စိုင်းခေတ် ဖုန်းထပ်ဆက်လို့ရသေးလား"

သူတစ်ကယ်စိတ်လှုပ်ရှားနေသည်။ နေရာကိုလည်းအတိအကျမသိဘဲ ကိုကိုဘယ်လိုလုပ်မလဲ ?

" အနော် တစ်ခုခုဖြစ်နေတာလား ?"

" ငါ ..ငါ ကိုကိုမောင့်ကိုဆက်မလို့ အင်္ကျီမပါလို့လေ အဲဒါ"

" ဆက်မနေနဲ့ မေမေယူလာမှာပါ ဒီလေးကိုညှိုးငယ်မနေနဲ့ "

အနော့်ပါးတစ်ဖက်ကို အသဲယားသဖွယ် ဆွဲညှစ်ရင်း ခေါင်းတွေပါဆွဲဖွနေပေမယ့် အာရုံမရနိုင် ။

"စိုင်းခေတ် မင်းအိပ်လိုက်အုန်း လူနာဆိုတာကြာကြာလေးအနားယူရတယ်"

" ငါမအိပ်ချင်ဘူးလေ ဘယ်လိုလုပ်ရမလဲ"

" ငါ ပုံပြင်ပြောပြမယ်"

"ပုံပြင်မပြောနဲ့ ငါလိုချင်တာက "

"မင်းကနှာဘူးပဲ စိုင်းခေတ် ဘာလို့အမြဲအဲလိုတွေဖြစ်ချင်နေတာလည်း"

သူ့နှုတ်ခမ်းကို လက်ညှိုးထိုးပြ၍ ဘုတောလိုက်ရသော်လည်း ရီကျဲကျဲဖြင့် တစ်ကယ်လိုချင်တာဟူ၍ပြောနေသေးသည်။

ရောက်တတ်ရာရာစကားတွေပြောရင်း အိပ်ပျော်သွားတဲ့စိုင်းခေတ်။

ညနေစောင်းသွားတော့ စိုင်းခေတ်ဖုန်းကတစ်ဖန်ထပ်မြည်လာသည်မို့ သွက်သွက်ကိုင်လိုက်ရင်း ခပ်လှမ်းလှမ်းထွက်လာမိပြန်သည်။

"အနော် ဘယ်နေရာလည်း ကိုယ်မေးဖို့မေ့နေလို့"

" $#%^&* ကိုကို  ဘာလို့ဗြုန်းစားကြီးတွေ့ချင်ရတာလည်း ဆိုင်ကယ်ကိုလည်းဖြေးဖြေးမောင်းနော် ကိုကိုကြားလားဟင် အနော်ပြောတာ"

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now