Ah Naw{8}

34 0 0
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


စစ်မှန်တဲ့အချစ်က ပေးမိတဲ့သူကိုယ်တိုင်ပဲနာကျင်စေတယ်။အချစ်စစ်လေ နာကျင်ရလေ။ဒီအဖြူရောင်ပန်းလေးတွေဟာအပြစ်ကင်းခြင်းနဲ့စစ်မှန်တဲ့အချစ်ကိုကိုယ်စားပြုတယ်

တစ်ကယ်ကိုပါပဲဖြူစင်မိတဲ့သူပဲအရောင်ဆိုးခံရပြီးအချစ်စစ်နဲ့ချစ်မိတဲ့သူပဲအထားခံခဲ့ရတတ်သတဲ့လေ....
White crocus flower

!!copy
#crd

🐈‍⬛🐈‍⬛🐈‍⬛🐈‍⬛🐈‍⬛🐈‍⬛

အိမ်ရှေ့ရေကန်ပြာပြာကြီးကိုကျော်လွန်၍ အုတ်နံရံကိုငေးနေခြင်းက အနည်းငယ်တော့ကို့ရို့ကားယားနိုင်လှသည်။ ပန်းရောင်စုံဖြင့် မင်းမူနေသောပန်းခြံအသေးစားသို့ ခြေလှမ်းမိတော့ ပထမဆုံးထိကိုင်မိသည့် Common zinnia ပန်းဖြူလေး တစ်ပွင့်။ အနော်ဆိုသည့်လူသားက ချုပ်ချယ်ခံရမည့်လူလား ကိုယ်တိုင်ကချုပ်နှောင်ရတာကိုသဘောကျတဲ့လူလား?
ပန်းပွင့်လေးကိုသူမေးစရာတွေရှိနေပါရဲ့?

" မင်းခြေလှမ်းတွေကိုငါပိုင်တာမလို့ တစ်ဦးတစ်ယောက်ရဲ့ခြေလှမ်းတွေကိုအပင်ပန်းခံပြီးမရေရွတ်ချင်စမ်းနဲ့တဲ့" စိုင်းခေတ်ပြောတာကိုသူနားလည်တယ် သို့သော်~~

အနော် မလိုအပ်ဘဲရောက်လာတဲ့သူ ..မလိုအပ်ဘူးဆိုပေမယ့် ပြည့်စုံသွားတယ်လို့ခံစားရတဲ့ အခိုက်အတန့် ..။ ၁၀တန်းဖြေဖို့နီးကပ်လာလေလေ အလိုလိုဝေးကွာသွားတဲ့ ဆက်ဆံရေး နီးမလိုလိုနဲ့ပို၍ ဝေးစေနိုင်သော ... မလိုအပ်ဘူးအထင်နဲ့ပို၍ လိုအပ်ခဲ့သော

White tulip လေးကို ညင်သာစွာထိတွေ့ပြီးသူခပ်တိုးတိုးဆိုမိတယ် ။ "တောင်းပန်တယ် အနော်မမှားပေမယ့်~~"။ကျူးလစ်တွေကို သူအမှာပါးမိတော့ ပိုပြီးလေးလံသွားတယ် ကိုကိုနဲ့မတွေ့ရတာ ၅လနဲ့၁၈ရက်ရှိသွားပြီ။ အဲ့နေကတည်းက သူမတွေ့ရတော့တာဆိုပိုမှန်မယ်။ စိုင်းခေတ်လာပေမယ့် အနော်ထပ်မတွေ့တော့ သူ့ကိုဒေါသထွက်နေတာထက်ကိုပိုမည်ထင်တယ် ။ အနော့်ဘေးမှာ တစ်စုံတစ်ယောက်ရှိတိုင်းနည်းမျိုးစုံနဲ့အဝေးတွန်းပို့တတ်တဲ့ စိုင်းခေတ်က သူမှားသည်ဟုနည်းနည်းမှမယူဆတဲ့ပုံစံ။ ကျင့်သားရသလိုဖြစ်ခဲ့ပေမယ့် သူမနှစ်သက်တော့ချေ။

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now