ခင်ဗျားကဇာတ်လမ်းတစ်ပုဒ်ဆိုကိုယ်က အဆုံးသတ်ပဲဖြစ်ချင်တယ်
ခေါင်းစဥ်လှလှထဲမှာနစ်မြောမနေဘဲ
အတွင်းကျကျဝါကျထဲမှာပဲ
နစ်မြောစေချင်တာ...🏕💜
"ရောက်ပြီ အနော်"
ခါးပေါ်က သေးသွယ်သွယ်လက်အစုံကို ဖြေလျော့မပေးစေချင်ပေမယ့် နားထဲသို့တစ်သွင်သွင်မရပ်မနားပြောလာသော စကားစုချိုချိုတို့ကသူ့အတွက်အဆင်မပြေ။ စကားချိုချိုတို့ကိုမနှစ်သက်တာမဟုတ်ပါဘဲ တစ်စုံတစ်ယောက်အကြောင်းပါဝင်နေသည်ကိုမနှစ်မျို့ခြင်း။ သူ့ရဲ့အာရုံကိုလွဲစေရန် လေအရှိန်ပြင်းပြင်းနဲ့ ဆိုင်ကယ်ကိုပို၍အရှိန်တင်စေသည်ငြား ပို၍တိုးကပ်လာသော လက်တစ်စုံ မဟုတ်ဘူး နွယ်တွေသိပ်ကိုရစ်နွယ်တတ်ပြီး ကြီးမားတဲ့ပင်စည်မည်သောနှလုံးသားသစ်ပင်ကို စုန်းစုန်းမြုတ်အောင်ဝါးမျိုနိုင်တဲ့ သစ်ပင်ငယ်.....
"အနော် ပြောတာမှန်ရဲ့လားမသိဘူး အနော်ပြောတာမမှန်ရင်ဘယ်လိုလုပ်မလည်း စိုင်းခေတ်ပြန်သွားပြီထင်တယ်အဲဒါဒေါက်တာကြောင့် ဟွန်း... "
အရှေ့ကမိုးမျှော်Hotel ကြီးကို ခေါင်းမော့ရင်း မျက်လုံးလေးတွေကျဥ်းသည့်တိုင်အောင် ပွစိပွစိရွေရွတ်ရင်းငေးကြည့်နေပုံက သူ့အတွက်အကုန်ပြည့်စုံသွားစေတာမျိုး လက်ညိုးထပ်ဖျားလေးကိုနှုတ်ခမ်းဖျားလေးနဲ့မှင်သေသေကိုက်ရင်း ပြန်ငုံ့သွားတာကတော့အပိုဆုလေး..။
"လာလေ သွားမေးကြည့်ရအောင်"
"ဟင့်အင်း သူ့ကိုပဲဖုန်းဆက်ချင်တယ် "
"အာ ကိုယ့်မှာဖုန်းမပါလာဘူးလေ ဘယ်လိုလုပ်ရမလည်း"
ဖုန်းကလောလောနဲ့မို့တစ်ကယ်မပါပါ။
သူ့ကျောင်းပိတ်ရက်မို့မအားသည့်ကြားက အတင်းပူဆာ၍မေမေချက်ပေးသော ကြက်သားပလာတာကိုဖူးဖူးတူမလေး မွေးနေ့ဟုအကြောင်းပြု၍ ပုံစံပြည့်ဝတ်လာပြီးလောကွတ်ချော်ချင်တာခံအုန်းလေ။လိမ်ညာတာကတားမြစ်ထားသည့်စည်းကမ်းဆိုရင်သူကစည်းကမ်းတွေကိုချိုးဖောက်ချင်တဲ့ခပ်ဆိုးဆိုးလူတစ်ယောက်။ ဒါ့ကြောင့်လည်းသူပြန်ရတာက နည်းနည်းအောင့်သက်စွာခံစားမှု မဟုတ်ဘူး အဲထက်နည်းနည်းပိုနေပြီ ယောက်ျားလေးတန်မဲ့မနာလိုတတ်အောင် ကဘေးလေးတစ်ယောက်ကသင်ပေးသတဲ့...
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎