ရွေးချယ်ခြင်းက
နှစ်ခုထဲကတစ်ခုကို စွန့်ခွာခြင်း
သတ္တိရှိစွာ တစ်ကိုယ်ကောင်းဆန်ခြင်းလို့ အဓိပ္ပာယ်ရသလို
အဆုံးသတ်ကို ရေးဆွဲခြင်းလည်းဖြစ်၏။~~
မြက်ခင်းပြင်စိမ်းစိမ်းကြီးရဲ့မျက်စိတစ်ဆုံးမှာ အနည်းငယ်ဖုန်ထနေသောလမ်းမ ကျဥ်းကျဥ်းလေးနဲ့နှစ်ချို့ သစ်ပင်ကြီးတွေမှာလွဲ၍ ဘာမှမရှိ။
ခရမ်းရောင်ပန်းတစ်ချို့ ကမြက်ရိုင်းထဲမှာဝင့်ကြွားနေဟန် ကပိုကရိုနေရာယူရင်း လေနဲ့အတူ အနည်းငယ်လိုက်ယိမ်းနွဲ့ပေးနေသည်။ကောင်းကင်အပြာနုနုကနေ လိမ်မော်ရောင်သို့ပြောင်းလဲသွားတဲ့အခိုက်အတန့်မှာ သူ့ဘေးကလူတစ်ယောက်ကိုသာငေးနေမိသည်။
၅လှမ်းသာသာအကွာမှာ ရပ်ထားသောဆိုင်ကယ်တစ်စီးနှင့် လူသားနှစ်ဦး။ရိုးစင်းလွန်းလို့ သာမာန်ထင်ရတဲ့မြင်ကွင်းလေး။ မြက်စိမ်းစိမ်းတွေကြားက မြက်ရိုင်းပန်းလေးတွေက ကျိုးတို့ကျဲတဲ ကဗျာဆန်နေတယ်။ပြီးတော့
"လှတယ်"
ဒီစကားကဘယ်ကိုသက်ရောက်လည်းအထိ အနော်မစဥ်းစားဘဲ သူပြောမိသည်။ တစ်ကယ်လည်းလှနေတယ်လေ ။ အင်္ကျီကြယ်စေ့နှစ်လုံးခန့် ဖြုတ်ထားသည်ကြောင့် အနည်းငယ်ဖုထစ်နေသည့် ကြွက်သားအစိုင်အခဲ ကိုသူခွင့်မတောင်းဘဲမြင်ခွင့်ရသည်။ ယောက်ျားဆန်သောဒီလူကို သူဘယ်လိုတောင်တွေးနေမိရတာလည်း လှတယ်ဆိုတာကလုံးဝမအပ်စပ်ပေမယ့် သူပြောချင်တယ်။ ပတ်ဝန်းကျင်အနေအထားနဲ့ ဒီလူကိုပေါင်းစပ်တော့ ကဗျာလှလှတစ်ပုဒ်အဖြစ်ဖန်တီးလို့ရနိုင်ကောင်း၏။
"အမ်..."
ကြောင်နစွာ ထွက်လာတဲ့ အာမေဍိတ်သံက အစီအငေါ်မတည့်။ ကျွန်တော့်ရဲ့နားရွက်ကြားထဲမှ ပန်းအရိုင်းတစ်ပွင့်နဲ့အတူ အနော့်ရဲ့အပြုံးတစ်ပွင့်။လှုပ်ရှားစပြုပြီဖြစ်သော ခြေချောင်းတွေ ကစိတ်လှုပ်ရှားနေကြောင်းသက်သေ။ ထို့နောက် ခုနကမကြားဟန်ပြုခဲ့သောစကားကိုထပ်ပြောလာသည့် ထိုလူငယ်။
"လှတယ်လို့"
"အော် ချောတယ်လောက်တော့လုပ်ပါ အနော်ရယ် ဒါမှမဟုတ်လည်းကြည့်ကောင်းတာပေါ့"
YOU ARE READING
𝙰𝚑 𝙽𝚊𝚠
Romanceသွေးသားသစ်~~ခြေလှမ်းတွေရဲ့အနှေးအမြန်ကို ခန္ဓာကိုယ်ကထိန်းချုပ်တယ် ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ကထိန်းချုပ်တယ် စိတ် ဝိညာဉ်ကိုတော့ထိုလူသားကထိန်းချုပ်သတဲ့~~ နွေကာလ♥︎