Ah Naw {30}

12 1 0
                                    

  " ကျွန်တော်တို့ ထပ်တွေ့ကြပြီနော် "

  ဦးလွင်ရဲ့ မာနရိပ်လွှမ်းထင်သွားသောမျက်နှာထက်မှာ ဒေါသအရိပ်အမြုံတို့မှာလည်း တရိပ်ရိပ်လွှမ်းခြုံနေသည်ကို အမူအယာတို့မှတစ်ဆင့် တွေ့မြင်ရနေသည်။  မေမေကတော့ စကားအေးဆေးပြောစေချင်သည့်သဘောအနေဖြင့် သစ်ကိုခေါင်းငြိမ့်ပြရင်း ပြုံးပန်းဝေဂေဟာထဲသို့ဝင်သွားချေပြီ။ အခုချိန်မှာ သူတို့သုံးယောက်သာရှိပြီး အားလုံးကိုယ်စီ စိတ်ထဲမှာလည်း  ရည်မှန်းချက်တစ်ခုကခိုင်မာစွာတည်ရှိနေကြပြီးသားပင် ။

  အချစ်ပြိုင်ပွဲတစ်ခုကို မနိုင်မှန်းသိရဲ့နှင့်ဝင်ပြိုင် နေတဲ့ ကိုယ်ကအရူးမဟုတ်ဘူးလို့အော်ရယ်လိုက်ချင်ပေမယ့် ကိုယ်ရဲ့ဦးနှောက်တွေတစ်ကယ်ပျက်သုဥ်းသွားပြီထင်ပါရဲ့ ။  နှစ်ယောက်နဲ့တစ်ယောက်ပြိုင်ပွဲ မှာအသားစီးရနေသူရဲ့အကြည့်တွေကို ရင်မဆိုင်ချင်ပေမယ့် ဒီလိုအခြေအနေက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။ ရှိစေတော့ ရှုံးဖူးပြီးသားလူတစ်ယောက်က ထပ်ရှုံးဖို့အတွက်ပဲလေ။

"  သစ်တစ်ယောက်ထဲလာမယ်ထင်နေတာ ဧည့်သည်ပါခေါ်လာတာပဲ ဒါပေမယ့် သစ်ကိုယ်တိုင်ခေါ်လာတာဆိုတော့ နှင်မထုတ်တော့ပါဘူး "

" သစ် ပြောစရာရှိတယ် ဦးလွင်"

" နားထောင်ချင်လို့ပဲစောင့်နေခဲ့တာလေ ပြောရမှာပေါ့"

" အရင်ဆုံး ကျေးဇူးတင်ပါရစေ ဦးလွင်  ဒီ အတောအတွင်းသစ်နားမှာ အကောင်းဆုံးအဖော်ပြုပေးခဲ့နဲ့အတွက် "

"........."

  ဘောင်းဘီအိတ်ကပ် ထဲက ဆေးလိပ်ဘူးကိုယောင်ယမ်းစွာ ဆွဲထုတ်ရင်း ဆေးလိပ်ဖြူဖြူတစ်လိပ်ကို နှုတ်ခမ်းဝတေ့လိုက်ပြီး မီးညှိရင်း တစ်ရှိုက်မျှ ဖွာလိုက်သည်။

အလွယ်တွေပြောတတ်လိုက်တာများသစ်ရာ  ကျေးဇူးတင်ပါတယ်တဲ့လား.....။

ခါးသပ်စွာနှင့် လွင့်ပျံသွားတဲ့ အငွေ့တွေကိုမျက်စိတစ်ဆုံးကြည့်ရင်း  သက်ပြင်းငွေ့ငွေ့ချနေတဲ့ သစ် ကိုယ်တိုင်လည်း ခက်ခဲလှစွာရှိနှင့်လှသည်မို့ မောင့်လက်ကိုပိုတင်းကျပ်စွာဆုပ်ကိုင်မိလိုက်သည်။

𝙰𝚑 𝙽𝚊𝚠 Where stories live. Discover now