အခန်း(၁၅၈) ဝမ်နျဲ့နျန်ရဲ့ အထက်တန်းကျောင်းတုန်းက ဒိုင်ယာရီပေါက်ကြားသွားခြင်း။
မျက်ဝန်းထဲ မုန်းတီးမှုအပြည့်ဖြင့် အဖေဝမ်က ကုယျန်ရှန်းကို စိုက်ကြည့်ပြီး ခက်ထန်စွာ ပြောခဲ့သည်။
"ကုယျန်ရှန်း .... ရှောင်နျန် ဘာဖြစ်ခဲ့တယ် ဆိုတာကို မင်းဘယ်လိုများ မေးရဲသေးတာလဲ။ မင်းက သူ့ခန္ဓာနဲ့ စိတ်ကို ဒီလိုမျိုးဖြစ်အောင် လုပ်ခဲ့တဲ့ သူပဲ !"
"ဒီနှစ်တွေမှာ သူ ဆေးရုံသွားပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ တွေ့နေရတာကို ကျွန်တော် သိတယ် ။ .... ကျွန်တော် .... သူ ဆေးရုံရောက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာပဲ သိချင်တာပါ။ "
အဖေဝမ်က ထပ်ပြီးကြိမ်းမောင်းဖို့ ပြင်လိုက်ပေမယ့် ကုယျန်ရှန်းလည်ပင်ပေါ်က လည်ဆွဲကိုတွေ့ပြီး မယုံကြည်နိုင်သောလေသံဖြင့် မေးလိုက်သည်။
"မင်း ..... ဒီလည်ဆွဲကိုဘယ်ကရခဲ့တာလဲ ! ဘာဖြစ်လို့ မင်း ဆွဲထားတာလဲ .... "
"ခင်မျာ ? "
ကုယျန်ရှန်းက လက်ကိုဖြည်းဖြည်းချင်းမြှောက်ပြီး လည်ပင်းမှလည်ဆွဲကို ချွတ်လိုက်သည်။
"ဒီလည်ဆွဲက ..... ကျွန်တော် ဒီလည်ဆွဲကိုဝတ်ထားတာ သုံးနှစ်တောင်ရှိပြီ။ " ဝမ်းနည်းပူဆွေးစွာဖြင့် ကုယျန်ရှန်း ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဒါကို ဝမ်နျဲ့နျန်ကျွန်တော့်ကို ကယ်ခဲ့တဲ့အချိန်တုန်းက ယူထားခဲ့တာ။ ဒါက သူ့အမေရဲ့လည်ဆွဲဆိုတာရော ပြီးတော့ သူ့အတွက် အရမ်းတန်ဖိုးရှိတယ် ဆိုတာကိုပါ .... ကျွန်တော် သိပြီးပါပြီ။ "
"မင်းက ယူခဲ့တယ် ! " မမျှော်လင့်စွာဘဲ ဝမ်အဖေက ကုယျန်ရှန်း၏ကော်လံစကို ဆွဲပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ရှောင်နျန်အတွက် ဒီလည်ဆွဲက ဘယ်လောက်ထိ အရေးကြီးခဲ့လဲ မင်းသိလား။ သူ သတိပြန်ရလာတဲ့အချိန်မှာ သူ့အမေရဲ့လည်ဆွဲကို ရှာမတွေ့တော့လို့ သူ့ဘဝကြီးပျက်သွားတော့မတတ် ဖြစ်ခဲ့တယ် !"
"ဘယ်လို ..... ဘာလို့လဲ " ဘယ်လိုမှမယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ကုယျန်ရှန်း အဖေဝမ်ကို စိုက်ကြည့်နေခဲ့သည်။
![](https://img.wattpad.com/cover/308893065-288-k921212.jpg)
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့