အခန်း(၂၁၄) အစာအိမ်နာတယ် ... ။ ငါ ထပ်ပြီးစွန့်ပစ်ခံရအုံးမှာလား။
မျက်နှာပေါ်တွင် ခံစားလိုက်ရသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ယားယံးမှုကြောင့် မှေးမှိတ်ထားသော မျက်တောင်တို့ အနည်းငယ်ပုတ်ခတ်ရင်း ဝမ်နျဲ့နျန် အိပ်ရာမှနိုးစပြုလာသည်။ သူ့အား စိတ်အနှောင့်အယှက်ပေးရန် ခက်ခက်ခဲခဲကြိုးစားနေရှာသော အနှီလူ၏လက်ကို ပုတ်ထုတ်ရင်း ပါးစပ်မှလည်း အသံတိုးတိုးဖြင့် ရေရွတ်ပြောနေသည်။
"အာ .... ယားတယ်လေ။ မလုပ်နဲ့တော့ "
"....."
အသံကျယ်ကျယ်မထွက်လာအောင် သည်းခံအောင့်အီးထားရသော ကုယျန်ရှန်းရဲ့ ရယ်သံဖွဖွက ဝမ်နျဲ့နျန်၏နားထဲ တိုးတိုးသာသာမြည်လာသည်။ထိုအသံကြောင့် ဝမ်နျဲ့နျန်က သူ့အပြုအမူတို့ကိုရပ်ပြီး မျက်လုံးဖွင့်ကာ သူ့အရှေ့တွင်ရှိနေသော သူကို မော့ကြည့်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ။"မျက်လုံးကိုလက်ဖြင့် ဖိပွတ်ရင်း အိပ်ချင်မူးတူးဖြစ်နေသေးသည့် ဝမ်နျဲ့နျန်ရဲ့ ဆံပင်တို့ကို ပွတ်သပ်ပေးကာ ကုယျန်ရှန်းက ကြင်ကြင်နာနာရယ်လိုက်သည်။
"ဟုတ်ပါတယ် ခင်မျ၊ အိပ်ယာထချိန်ရောက်ပါပြီ။ မင်း အိပ်ချင်သေးလို့လား။ ဒီနေ့ ခြေထောက်ကဒဏ်ရာကို ဆေးရုံသွားပြရမယ့်ရက်ဆိုတာ မေ့သွားတာလား။"
"ငါ မေ့နေတာ" ဝမ်နျဲ့နျန် အိပ်ရာမှထထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အပြည့်အဝထွန်းလင်းနေပြီဖြစ်တဲ့ နေမင်းကို လှည့်ကြည့်ကာ ယိုင်တိုင်တိုင်နှင့် စောင်ကိုဖယ်လျက် အိပ်ရာပေါ်မှဆင်းရန် ဟန်ပြင်လိုက်သည်။ ရှေ့တွင်ရပ်နေသည့် ကုယျန်ရှန်းကလည်း ဝမ်နျဲ့နျန်အနားသို့ တိုးလာပြီး လက်နှစ်ဖက်က ဝမ်နျဲ့နျန်၏ကိုယ်ပေါ်တွင် ရစ်တွယ်လျက် ပွေ့ဖက်ပြီးသား ဖြစ်နေသည်။ အမှတ်မထင်ဟူသည့် အလိုအလျောက်ဖြစ်ပေါ်မှုအောက် သူကိုယ်တိုင်အပါအဝင် ဝမ်နျဲ့နျန်သည်လည်း လှုပ်ရှားမှုမရှိ ကျောက်ရုပ်အလား အသက်မဲ့နေခဲ့သည်။
"မင်း ခြေထောက်ပြန်ကောင်းနေပြီဆိုတာကို ငါမေ့သွားတယ်။" ကုယျန်ရှန်းက သူ့ရဲ့လက်ကို ပြန်ဖယ်ပေးရင်း မျက်ဝန်းတွင်လည်း ဝမ်းနည်းသွားသည့် အရိပ်အယောင်အပြည့်ဖြင့် ပြောလာသည်။

VOUS LISEZ
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Roman d'amourသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့