သူ့ကိုမှချစ်မိခိုက်
အပိုင်း(3)"ရှုတင်သိမ်းပါပြီ "
ဒါရိုက်တာကြီး မတ်တပ်ထ၍အော်လိုက်သည်နှင့် ရှိုင်း ဘယ်သူ့ကိုမှလှည့်မကြည့်ပဲ ထွက်လာခဲ့ရာ ရှေးရှုရာသူ့ကားဆီသို့။
"မစိမ့် မနေ့ကရှာခိုင်းတဲ့လူ ရပြီလား"
" အ အခုမှ ရှာရမှာ မင်းသားရဲ့ ချက်ချင်းကြီးတော့ဘယ်တွေ့မလဲကွယ်"
"ကျစ် ... "
ရှိုင်း ခန့်မင်းရှိန် စေ့စပ်မှာမို့ရယ် အိမ်ကဆင်းလာလို့ရယ် စိတ်ရှုပ်နေတာကြောင့် ညီညီမပြောနဲ့မစိမ့်တောင်အနားသိပ်မကပ်ရဲပေ။ ရှိုင်း ရိုက်ကွင်းထဲမှအထွက်တွင် တစ်ဖက်မှလာနေသော ဒါရိုက်တာရဲ့လက်ထောက်ကောင်လေးသည် ခုံတွေတစ်ထပ်ကြီးသည်လာရာ ရှေ့သို့မမြင်ရ။ဒါကို ရှိုင်းကလည်းနည်းနည်းလေးမှဘေးကပ်ပြီးမရှောင်။
ဗုန်း....
"အား... ကျစ်"
ထိုအခါတည့်တည့်ကြီးဝင်တိုက်ပြီး လက်ထောက်ကလေးလက်ထဲကခုံတွေတစ်ထပ်ကြီးလည်းမြေပြင်ပေါ်သို့။ လက်ထောက်ကောင်လေးက ဘာမှမဖြစ်သော်လည်း ရှိုင်းကတော့ညာဘက်လက်မောင်းတစ်ဖက်ထိခိုက်သွားသည်။ ထိုလက်ထောက်လေးက ခုံတွေကောက်ရင်းသူနဲ့တိုက်မိတဲ့လူကိုမော့ကြည့်လိုက်တဲ့အခါ ကံဆိုးမိုးမှောင်ကျလေစွ။
"ဟာ ..... မင်း မင်း သား တောင်းတောင်းတောင်းပန်ပါတယ် "
" ဒါရိုက်တာ သူကဘယ်သူလဲ"
ရှိုင်းသည် တိုက်မိသွားတဲ့လက်မောင်းတစ်ဖက်ကို ဟိုလှည့်ဒီလှည့်လုပ်ကြည့်ရင်း ဒါရိုက်တာကြီးအားလှည့်မေးလိုက်ပါသည်။
ဒါရိုက်တာတွေးလိုက်သည်က
ငါ့တပည့်တော့ သွားပြီ။"ငါ့ တပည့်ပါ ကွာ "
"မနက်ဖြန် ကျွန်တော်သူ့ကိုမမြင်ချင်ဘူး "
"အာ....အဲ့လိုတော့မလုပ်ပါနဲ့ မင်းသားရာ "
ဒါရိုက်တာကြီးက ဇာတ်ညွှန်းစာရွက်ကိုပစ်ချပြီးရှိုင်းဆီသို့လျှောက်လာရင်းပြောလိုက်သည်။
"အိုခေ အဲ့တာဆိုလည်း မနက်ဖြန် ကျွန်တော် ရှုတင်မလာတော့ဘူး"
