သူ့ကိုမှချစ်မိခိုက်
အပိုင်း(23)ကားပေါ်ရောက်မှ မစိမ့် စီစဉ်ပေးထားတဲ့ လျှာထိုးဦးထုပ်အနက်ရယ် ဟူဒီအနက်ကိုဝတ် မျက်မှန်တပ်လိုက်လျှင်
"ဘယ်လိုလဲ ကိုယ်မှန်းမသိတော့ဘူးမဟုတ်လား"
"မျက်မှန်မပါလည်းအဆင်ပြေမှာပါ ဦးထုပ်က၂ထပ်ဆောင်းထားတော့ ရုပ်မမြင်ရတော့ဘူး"
"အင်း "
"ဒါနဲ့ ဘာလို့ ကိုခန့်ကိုတောင်ကောင်းကောင်းနှုတ်မဆက်ပဲ ထွက်လာရတာလဲ"
"မသိဘူး မင်းနဲ့အတူမြင်ရရင် စိတ်ကျဉ်းကြပ်တယ် "
ထိုစကားကိုကြားရလျှင်ခုနက ရှုတင်မှာ ကင်မရာရှေ့က သူနဲ့စန္ဒီ နဲ့ကိုပြန်မြင်မိသည်။
"ငါလည်း နင့်ကိုတခြားတစ်ယောက်နဲ့မြင်ရင် စိတ်မသက်သာဘူး"
ရှိုင်း ပြုံးလိုက်ရင်း
"ကိုယ်သိတယ် မင်းဘာကိုဆိုလိုတာလဲဆိုတာ"
"ဘာမှမဟုတ်ပါဘူး ငါနားလည်ပေးနိုင်ပါတယ် အဲ့တာနင့်အတွက်အလုပ်သဘောသီးသန့်ပဲလေ"
"ကျေးဇူးပဲ ဒီလိုနားလည်ပေးတဲ့ချစ်သူလေးအတွက် နောက်ဆို ဒီလိုအခန်းတွေ ကိုယ် လျော့ရိုက်ပါ့မယ် ဒီနေ့က ငြင်းဖို့လည်းအချိန်မရှိတော့လို့ "
"ရပါတယ် ကိစ္စမရှိဘူး"
သူမရဲ့လက်ကို ဆုပ်ကိုင်ပြီး
"တောင်းပန်ပါတယ် ကိုယ့်အလုပ် ပတ်၀န်းကျင်က မိန်းကလေးတွေနဲ့ ကင်းလို့မရတဲ့အလုပ်ဖြစ်နေလို့"
"ဟင့်အင်း နင့်လို သရုပ်ဆောင် Star တစ်ယောက်ကိုချစ်မိမှတော့ ဒါတွေကိုနားလည်ပေးဖို့ ငါ ကြိုစားပြီးသားပါ "
"ဘာလို့ ဒီနေ့ကျမှ အရမ်းရင့်ကျက်တဲ့ပုံစံဖြစ်နေရတာလဲ ၀တျထားတာကကတြော့ မူကြိုကလေးလိုလိုနဲ့"
"ဟော စပြီ စကားအကောင်းပြောနေရင် နင် ဘယ်တော့မှ ကောင်းကောင်းမနေဘူး"
"ကိုယ်ဘယ်မှာကောင်းကောင်းမနေလို့ "
"ငါ့ကိုမူကြိုကလေးမူကြိုကလေးနဲ့ "
"မဟုတ်လို့လား အရပ်ကလည်းပုပုလေး ပုံစံကိုက အား အူယားလိုက်တာ"