သူ့ကိုမှချစ်မိခိုက်
အပိုင်း(10)တကယ် စိတ်ဆိုးနေတာလား။
ရှိုင်း သူမကို မျက်လုံးလေးစွေကြည့်လိုက်တော့ တကယ်ပဲမျက်နှာကတင်းမာနေတာဖြစ်သည်။
"အား..... ခေါင်း နည်းနည်း ကိုက်သလိုပဲ"
ရှိုင်း နားထင်ကိုဖိ၍ သူမကို ခိုးကြည့်သည်။
မှုံးသည် တစ်စက်ကလေးမှ သူ့ကိုလှည့်မကြည့်။"ဟေ့ မင်း ကမင်းရဲ့အလုပ်ရှင် တစ်ယောက်လုံး နေမကောင်းတာကို နည်းနည်းတောင်ဂရုမစိုက်ဘူးလား"
မှုံးသည် သူ့ကိုဘာမှပြောမနေဘဲ ဖုန်းထုတ်လိုက်ပြီး နှိပ်လိုက်သည့် နံပါတ်က '199´ထို့နောက် ဖုန်း ကိုနား နားကပ်လိုက်လျှင်
"ဟာ မင်း ဘာလို့ 199 ကိုဖုန်းဆက်တာလဲ"
"နင် နေမကောင်းဘူးမဟုတ်လား ခေါင်းကိုက်တယ်ဆို အဲ့တာကြောင့်လေ "
"ရပြီ မကိုက်တော့ဘူး မင်းရဲ့ဖုန်းကိုချလိုက်တော့"
ကျစ် အသုံးမ၀င်ဘူးပဲ။
မှုံး ကားမောင်းသူနေရာတွင် စနစ်ကျကျထိုင်ပြီးသော် ရှိုင်း နောက်ခန်းမှ၀င်ထိုင်လိုက်ပြီး
"အဟမ်း ငါ လမ်းပြောပြရမလား"
"မလိုဘူး GPS ကဘာလုပ်ဖို့တပ်ထားတာလဲ "
ရှိုင်း နှာခေါင်းရှုံ့၍ သူမကိုမကြည့်တော့ပဲ
လိုက်လာခဲ့သည်။ သူမ GPSကိုကြည့်၍ မောင်းနေတာက ဘေးကစက်ဘီးကတောင်ကျော်တက်နေပြီဖြစ်သောကြောင့်"ဝှား..... "
ရှိုင်း သမ်းလိုက်ပြီး
"မင်း ကားမောင်းတတ်တာရောသေချာရဲ့လား လိပ်ကိုခဲဆွဲထားသလိုပဲ နှေးလိုက်တာဆိုတာ"
"ကိုယ့်ဘာကိုယ်မောင်းမလား "
ရှိုင်း သက်ပြင်းချ၍
"တော်ပြီ "
သူတကယ် စိတ်မပြေတော့ဘူးလား။
အရင်က ကတ်ကတ်လန် ပြန်ပြောတတ်တဲ့သူမက အရမ်းတိတ်ဆိတ်လွန်းနေတော့လည်း သူ မနေတတ်။ ရန် စကား စစပြောသော်လည်း သူမ ကအရင်လို သူနဲ့ရန်မဖြစ်။