သူ့ကိုမှချစ်မိခိုက်
အပိုင်း(28)"အဲ့ အဲ့ တာဆိုရင် ရှိုင်းနဲ့ မှုံးက ..."
"ဟုတ်ကဲ့ မှန်ပါတယ် အန်တီ ကျွန်တော်တို့၂ယောက် ချစ်သူဖြစ်တာ ၁လကျော်ပါပြီ"
တစ်အိမ်လုံး အံ့သြရသည့်အဖြစ်မို့ မှုံး တစ်ယောက်မျက်နှာတောင်မဖော်ရဲ ရှက်လည်းရှက်မိပါသည်။
"မှုံး ပြောတော့ သူ့သူဌေး ကို စိတ်ဆိုးလို့ဆို"
အန်တီလေးက မေးလိုက်လျှင်
"မှုံး ကအဲ့လိုပဲပြောလား "
ရှိုင်းက သူ့ဘေးမှာ ထိုင်နေရင်း မျက်နှာ ငုံ့ထားသည့်မှုံးကို တစ်ချက်ကြည့်လိုက်သည်။
"အဲ့ အဲ့ တာ အန်တီလေး သမီး ရှင်းပြမယ်"
မှုံးက မျက်နှာချင်းဆိုင်ဖြစ်တဲ့ အန်တီလေးနဲ့ ရှိုင်းနဲ့ကြားကို လက်တစ်ခါခါနဲ့ ပြာတိပြာယာဖြစ်နေသည်။
"အဲ့တာလည်းမှန်ပါတယ် အန်တီ မှုံး က ကျွန်တော့်ကိုစိတ်ကောက်နေတာ ၃ရက်ရှိပါပြီ"
ထိုစကားကိုကြားလျှင် အန်တီလေးရော မြတ်နိုးရော မျက်လုံးပြူးသွားကပြန်သည်။
မှုံးက ရှိုင်းကို မျက်စောင်းထိုးကာ အံကြိတ်ပြလေသည်။"ဒါ ဒါဆို မှုံး နင့် နင့် သူဌေး က ရှိုင်း ပေါ့"
မြတ်နိုးက တအံ့တသြမေးသည့်အခါ
မှုံး တစ်ခါ ခေါင်းငုံ့ရင်း"ဟုတ်"
"ဒါဆိုရင် ဟိုရက်တွေတုန်းက မှုံး ကအိမ်ပြန်မအိပ်ပဲ သူဌေး ဆီမှာအိပ်တယ်ဆိုတာက အမလေး ဘုရားရေ.... "
အန်တီလေးက စိတ်ပူပူဖြင့်မေးလိုက်သည်ကို
"အာ.... အာ.... အဲ့လိုမဟုတ်ဘူး အန်တီလေး သမီးနဲ့ ရှိုင်းက အဲ့ အဲ့လို မဟုတ်သေးဘူး"
"တောင်းပန်ပါတယ် အန်တီ စိတ်ပူသွားရင် ကျွန်တော်တို့ အဲ့လိုမဟုတ်သေးပါဘူး "
"ဘယ်လို ဖြစ်လို့ ချစ်သူဖြစ်သွားလဲဆိုတာတော့ မမေးလည်း ရပါပြီ အရမ်းအနေနီးတယ်မလား"
အန်တီလေးက ပြုံးပြုံးဖြင့်ပြောသည်။
"တောင်းပန်ပါတယ် ကျွန်တော် သက်သက်လာနှုတ်ဆက်သင့်တာ အခု မှုံး စိတ်ကောက်လို့ လာရတဲ့ ပုံစံမျိုးဖြစ်နေပြီ"