သူ့ကိုမှချစ်မိခိုက်
အပိုင်း(9)မှုံးဒီနေ့အိမ်ပြန်နောက်ကျ၍ ရှိုင်းရဲ့အပြုအမူကြောင့်စိတ်မကြည်တဲ့ကြားထဲမှာ အိမ်သို့ရောက်လျှင်ရောက်ချင်းမြင်လိုက်ရသောမြင်ကွင်းက သူမကိုပို၍စိတ်ထိခိုက်စေသည်။
အန်တီလေးကလည်းမျက်နှာမကောင်း
မြတ်နိုးက ဝေယံရဲ့မျက်နှာကဒဏ်ရာတွေကိုဆေးထည့်ပေးနေ၏။"ဟင် မောင်လေး ဘာဖြစ်တာလဲ မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ ဘာဖြစ်ထားကြတာလဲပြောကြပါဦး"
"မှုံးရေ ငါတို့ ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လိုလုပ်ကြမလဲ"
အန်တီလေးက ငိုရင်းပြောလာလေသည်။"ဘာဖြစ်လို့လဲ ဘာလို့လဲအန်တီလေးရဲ့"
"ဝေယံက ကျောင်းမှာရန်ဖြစ်တယ် "
"ဟင်"
"သူနဲ့ရန်ဖြစ်တဲ့ကျောင်းသားက လက်ကျိုးသွားတယ် တဲ့"
"ဟယ် ဝေယံနင်ဘယ်လိုလုပ်တာလဲ နင့်ကိုရန်မဖြစ်နဲ့လို့ ငါမမှာထားဘူးလား"
"သား ကိုသူတို့ကမရင်လာစတာကို ဟီးအီး "
"အန်တီလေး ဆက်ပြောပါဦး "
"ခုနကအလျော်လာတောင်းသွားတယ် ဖြစ်ချင်တော့ ဝေယံနဲ့ရန်ဖြစ်တဲ့ကောင်လေး အဖေ ကအရင်တုန်းက ငါတို့အကြွေးရှင်ပဲ"
"ဟင် ဟိုလူကြီးလား သူ့အကြွေးတွေကုန်အောင်ဆက်ပြီးပြီလေ"
"၇သိန်း"
"ဟင်"
"အလျော် ၇သိန်းတောင်းသွားတယ် "
မှုံး စွံ့အသွား၍
"နေပါဦး လက်ကျိုးတာ က....."
"အရင်က အငြိုးကြောင့်လည်းပါတယ် "
"စိတ်မပူပါနဲ့ မှုံး ဒီနေ့ လစာရတယ် ၃သိန်း "
"ငါ့မှာ၂သိန်းရှိတယ် "
မြတ်နိုးကဆေးထည့်ပေးရင်း ပြောလိုက်လျှင်
"အန်တီလေး ဘာမှစိတ်မပူပါနဲ့ ၅သိန်းတောင်ရနေပြီပဲ အန်တီလေး ဆီမှာရော နည်းနည်းပါးပါးမရှိဘူးလား "
"အားလုံးပေါင်းကြည့်ရင် တစ်သိန်းတော့ရှိမယ် "
"၁သိန်းပဲလိုတော့တာ စိတ်မပူပါနဲ့ မှုံးရအောင်ရှာပေးမယ် "