သူ့ကိုမှချစ်မိခိုက်
အပိုင်း(17)နေရောင်ခြည်မထွက်ပေါ်သေးတဲ့ မနက်၄နာရီမှာ တစ်ညလုံးမိုးရွာထားသည်မို့ စိုစိုစွတ်စွတ်ဖြစ်နေသည့်ပတ်၀န်းကျင်။ မှန်ပြတင်းတွင်ကပ်နေသည့်ရေသီးရေပေါက်လေးတွေက မြင်ချင်တိုင်းမြင်တွေ့ခွင့်မရသည့်အလှအပတစ်မျိုး ။တဖြည်းဖြည်းပွင့်လာသည့်သူမ မျက်လုံးတွေက တစ်ရေးနိုးထခြင်းပဲလား။
နှဖူးပေါ်က အဖြူရောင်အ၀တ်စိုတစ်ခု ဖယ်ပစ်ရန်ကြိုးစားလျှင် ပူနွေးနေတဲ့လက်တစ်ဖက်ကြောင့် သေချာကြည့်မိတော့ သူ?
သူကငါ့လက်ကိုဆုပ်ကိုင်ပြီး သူမရဲ့မွေ့ယာပေါ်မှာ မှောက်လျှက်အိပ်ပျော်နေသည်။ဘေးကခုံပေါ်မှာထိုင်နေပြီး မွေ့ယာပေါ်သို့ခေါင်းမှောက်အိပ်နေသည်မို့ သက်တောင့်သက်သာရှိမည်မဟုတ်။
သူမ ဘေးသို့တစ်ချက်ကြည့်လျှင်လည်း ရေဇလုံနဲ့ ရေ၀တ်တွေ။
တစ်ညလုံးငါ့ကိုရေ၀တ်တင်ပေးခဲ့တာလား သူငါ့ကိုစောင့်ပေးနေခဲ့တာလား။
အမြဲတမ်း အကောင်းမမြင်တဲ့ ဘုဘုဘောက်ဘောက်နဲ့လူက ကိုယ့်ကိုအခုလိုကြင်နာယုယမှုပေးလိမ့်မယ်လို့ထင်မထားခဲ့ဘူး။
သူဆုတ်ကိုင်ထားသည့်လက်ကို သူမ ဖြုတ်မပစ်ပဲဆက်လက်ဆုပ်ကိုင်ထားရင်း သူ့ဘက်သို့လှည့်ကာ အိပ်ပျော်နေသည့် သူ့ကို သေချာစိုက်ကြည့်နေမိသည်။ကျန်လက်တစ်ဖက်နဲ့သူ့ရဲ့မျက်ခုံးလေးကိုလက်မဖြင့်ဖိဆွဲရင်း
"မျက်ခုံးတွေကတော်တော်ထူတာပဲ "
တဖြည်းဖြည်းနှာခေါင်းသို့ဆင်းလာကာ
"နှာတံလည်းချွန်တယ်"
ထို့နောက် သူ့ရဲ့ လေးကိုင်းပုံသဏ္ဌာန်နှုတ်ခမ်းပါးများသို့ သူမလက်များရောက်သွားပြီး
"ဘာလို့ယောကျာ်းလေးဖြစ်ပြီး နှုတ်ခမ်းကအဲ့လောက်သေသပ်နေရတာလဲ အေးပေါ့လေ နိုင်ငံ့အသည်းကျော်မင်းသားလေးဖြစ်နေတာလည်း မထူးဆန်းပါဘူးလေ "
သူ့မျက်နှာကိုကြည့်မ၀သလိုခံစားမိသည့်သူမ ၁နာရီလုံးလုံးပြန်မအိပ်တော့ပဲ ငေးကြည့်နေမိသည်။