သူ့ကိုမှချစ်မိခိုက်
အပိုင်း(22)နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုရုတ်တရက်လန့်နိုးစေသည်က နှိုးစက်မြည်သံ။
"အွန်း......"
နာရီကိုကြည့်တော့ ၄နာရီဖြစ်နေသည်မို့
"မှားမြည်တာနေမှာ"
ဆိုကာ ပိတ်၍ ပြန်အိပ်လေသည်။ မနေ့ကဖုန်းထဲမှာ ရှိုင်းနဲ့မနက်ဖြန်Dateမယ့်အကြောင်းတွေကိုမကုန်နိုင်မခမ်းနိုင်ပြောခဲ့သည်က ညအတော်မိုးချုပ်သွားသည်။
ပြန်နိုးလာတော့
"ဘာလို့နှိုးစက်ကမမြည်တာပါလိမ့်"
နာရီလေးကိုကောက်ကိုင်လိုက်လျှင်
"ဟင်.... သွားပြီသွားပြီ "
5နာရီခွဲဖြစ်နေပြီ
"ငါ၄နာရီ နှိုးစက်ချထားတာကို အဟင့် ဒီနေ့date ရမှာမို့ လှလှလေးဖြစ်ရမှာကို ဘယ်လိုလုပ်မလဲ အဟင့်"
ရှုံ့ရှုံ့ခွက်ခွက်နဲ့
"ငါကိုက ရူးတာ ၄နာရီတုန်းကမြည်ရက်နဲ့ကိုမှားတာဆိုပြီးပြန်အိပ်တာ"
သူမ နာရီကိုခဏခဏကြည့်ရင်း
"ဟာ ဒီတိုင်းလုပ်နေလို့မဖြစ်ဘူး သူလာခေါ်မှာ ရူးချင်ပါတယ်"
ရှိုင်းကိုလည်းမစောင့်စေချင်သည့်အတွက် မျက်နှာသစ်ကာ မိတ်ကပ်တောင်မလိမ်းပဲ အိမ်၀တ်အ၀တ်အစားနဲ့သာ ကမန်းကတန်းပြေးလာခဲ့၏။ လမ်းထိပ်မှာအသင့်စောင့်နေတဲ့ ရှိုင်းရဲ့ ကား တံခါးကိုစောင့်ဖွင့်၍ ၀ငျလာခဲ့ရာ ရှိုင်း သူမရဲ့ ကို့ရို့ကားယားပုံစံကိုကြည့်ပြီး ရယ်ချင်လာသည်။ ခပ်ပွပွညဝတ်အင်္ကျီဝမ်းဆက်နဲ့ ဆံပင်ကလည်း မျက်နှာသစ်ပြီးခါစ အတိုင်း အပြောင်သိမ်း၍ထုံးထားသည်။
"ဘာလို့အတင်းပြေးလာတာလဲ "
"အကြာကြီးစောင့်နေရလား"
"နာရီ၀က်"
သူမနာရီကြည့်တော့၆နာရီပင်။
"ဘာဖြစ်လာတာလဲ မျက်နှာကြီးကဆူပုတ်လို့ "
"ဘာမှမမေးနဲ့ "
"ဟော်ဗျာ ဘာလို့စိတ်တိုနေတာလဲ ငါလည်းဘာမှမလုပ်ပဲ"