Part (32) Uni/Zawgyi

7.9K 236 4
                                    

သူ့ကိုမှချစ်မိခိုက်
အပိုင်း(32)

ရှိုင်း အာကာ ရှိတဲ့နေရာသို့ ရောက်လာပြီး အိမ်သို့အရင်ဦးဆုံးသွားသည်။

"ဘာလဲ အိမ်ကဘာလို့ပိတ်ထားတာလဲ "

"ကျွန်တော်လည်းမသိပါဘူး အိမ်အကူလည်းမရှိတော့ဘူးထင်တယ်"

ရှိုင်း ကားထဲမှ သော့ရှာ၍ ခြံတံခါးဖွင့်ပြီးလျှင်
အိမ်မကြီးထဲ၀င်ရန် Password နှိပ်လိုက်သည်။အိမ်ထဲတွင်လည်းတိတ်ဆိတ်နေသည်မို့ အရမ်းထူးဆန်းနေ၏။

"အာကာ ဖုန်းခေါ်ကြည့်"

ဥက္ကဌကြီးရဲ့ဖုန်းသံက အိပ်ခန်းထဲမှဖြစ်သည်။
ထို့ကြောင့် ဖုန်းသံကြားရာသို့ ၀င်လာခဲ့သည့်အခါခေါင်းအုံးအောက်မှ ဖုန်းကိုတွေ့လေသည်။

"ဖုန်းကိုထားခဲ့ပြီး ဘယ်ကိုသွားတာလဲ ဧကန္တ ဟိုမိန်းမများ?"

အာကာ က

"အခုရက်ပိုင်း ကျွန်တော်အိမ်ကိုရောက်တိုင်း သူဌေးကတော်ကိုမတွေ့မိဘူးဗျ "

ရှိုင်း ဒေါ်သန္တာရဲ့ ဗီရို မှန်တင်ခုံ အားလုံးမွှေနှောက်ရှာသော်လည်း ဘာမှမရှိပေ။

"ဘယ်ကိုသွားတာလဲ"

ရှိုင်း ခေါင်းရှုပ်လာရပြီး

"အာ  ... အိမ်ကူအဒေါ်ကြီးကိုမေးကြည့်ရင်ရော"

"ဖုန်းဆက်လိုက်"

"ဟယ်လို "

အာကာဆီကဖုန်းကို ရှိုင်းဆွဲယူလိုက်ပြီး

"အဒေါ်ကြီး  ဘာလို့အိမ်မှာမရှိတာလဲ"

"ရှင်  သူဌေးကတော်ရဲ့ ဒရိုက်ဘာ က ကျွန်မတို့ကို လုပ်အားခပေးပြီး အလုပ်နားခိုင်းပါတယ်"

"ဘယ်အချိန်ကလည်း"

"လွန်ခဲ့တဲ့၃နာရီလောက်ကပါ "

"ဒါဆို အဖေကရော"

"ဥက္ကဌကြီးက သူဌေးကတော်နဲ့အတူ အစ်ကိုလေးရဲ့သတင်းစာရှင်းလင်းပွဲသွားပါတယ်"

"ဘာ?  "

"ကျွန်မပြောရကောင်းမလား မကောင်းလားမသိပေမယ့်  အခုရက်ပိုင်းသူဌေးကတော်က ကြောက်စရာကောင်းလာတယ် ကျွန်မ မနက်ကသန့်ရှင်းလုပ်တော့ သူဌေးကတော်ရဲ့အံဆွဲထဲက ဆေးကတ်တွေတွေ့တယ် တစ်ခုခုများဖြစ်နေလားမသိဘူး"

သူ့ကိုမှ ချစ်မိခိုက် (OC) CompletedDonde viven las historias. Descúbrelo ahora